ဝန်ထမ်းမိတ်ဆက်

We are Saetanar

Yangon Office

Makoto SHIRAKI (Project Director)

ကျွန်တော် မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့သည်မှာ ၁နှစ်ခွဲခန့်ရှိပါပြီ။ မြန်မာ စကားကို လုံးဝ နားမလည်သေး သော်လည်း ၀န်ထမ်းများနဲ့ ပတ်ဝန်းကျင်မှ လူများ ၏ ဖေးမ ကူညီ ပေးမှု များကြောင့် ‘အလုပ်ရော လူနေမှု ဘ၀ပါ အဆင်ပြေ နေပါတယ်။ ကားကို အချိန်အကြာကြီး စီးပြီး ကျောင်းများ၊ ကျေးရွာများသို့ သွားရတဲ့အခါ အသက် ၆၇နှစ် အရွယ် အဘိုးကြီး တစ်ယောက် အနေနဲ့ အနည်းငယ် ပင်ပန်းတဲ့ အလုပ်ဖြစ်ပေမယ့်၊ ကျောင်းသား သူငယ် များ၏ ကြည်နူးဖွယ်ရာ အပြုံး ကလေးများကို မြင်တွေ့ ရခြင်းက အရာအားလုံး ထက်ပိုသော စိတ်ချမ်းမြေ့မှုကို ရရှိ စေပါသည်။
ကလေးများ၏ ကြည်နူး ဖွယ်ရာ အပြုံးကလေးများသည် မြန်မာနိုင်ငံ ၏ အနာဂတ်ကို ဖန်တီး ပေးလိမ့်မယ် ဟု စဉ်းစား မိသည့် အခါတိုင်းတွင် ကျွန်တော့်အား အလုပ်ကို ပိုမို ကြိုးစား လုပ်ကိုင်ဖြစ်စေရန် ခွန်အား ဖြစ်စေပါ သည်။ ကျေးရွာသူ/ သားများသည် ရိုးသား ကြင်နာ တတ်ကြပြီး ကလေးများ၏ ပညာရေး တိုးတက် ကောင်းမွန် စေရန် အတွက် စိတ်အား ထက်သန်မှု လည်း ရှိကြပါသည်။ ကျွန်တော်ရဲ့ ကျန်းမာရေး အခြေအနေ ကောင်းနေ သရွေ့ လုပ်ငန်း တာဝန်များကို ဆက်လက် ထမ်းဆောင် သွားမည် ဖြစ်ပါသည်။

Naoko KASUGA (Project Administrator)

စေတနာ တွင် စာရင်းအင်း နှင့် လုပ်ငန်းပိုင်း ဆိုင်ရာ ကိစ္စ အ၀၀ကို တာဝန်ယူ ဆောင်ရွက် ခဲ့ပါတယ်။ ရုပ်မြင် သံကြားနှင့် သတင်းစာ များတွင် ဖော်ပြ ထားသော သတင်းအချက် အလက်များ အရ မြန်မာနိုင်ငံ သည် မကောင်း သောအမြင် များဖြင့် လွှမ်းမိုး ခံနေရသော နိုင်ငံ ဖြစ်ပေမယ့် ကျွန်မ ဒီနိုင်ငံမှာ တကယ့် လက်တွေ့ နေထိုင် ကြည့်တဲ့ အခါ တွင် ဖွဲ့စည်းမှု အပိုင်းသည် စနစ်တကျ ရှိပြီး၊ နိုင်ငံသားတို့၏ လူနေမှု ဘ၀ သည်လည်း တည်ငြိမ် အေးချမ်းမှု ရှိနေ ခြင်းကို နားလည် သိရှိရပါသည်။ ပြဿနာ အနည်းအကျည်း ရှိပေမယ့်၊ တက်ကြွစွာ အလုပ်လုပ် လျှက်ရှိခြင်း၊ လူအများ နှင့် တွေ့ဆုံခြင်း၊ ၀ါသနာကို ပြုစုပျိုးထောင် ရင်းနှင့် မြန်မာနိုင်ငံရဲ့ လူနေမှု ဘ၀ကို ပျော်ရွှင်စွာ ဖြတ်သန်း လျှက် ရှိပါသည်။

Su Htwe Myint (Administration Officer)

တာဝန်ယူမှု ဆိုတာ ကျွန်မတို့ဝန်ထမ်း တွေအတွက် သိပ် အရေးကြီး တယ်လို့ ကျွန်မ ထင်ပါတယ်။ ဒီ အဖွဲ့အစည်း ရဲ့ဝန်ထမ်း အဖြစ် စတင်ခန့်အပ်ခြင်း ခံရတဲ့ အချိန်က စပြီး ကျွန်မ တာဝန် ယူရတဲ့ လုပ်ငန်းပိုင်း ကို သေသေချာချာ တာဝန်ယူ လုပ်ကိုင် ခဲ့ပါတယ်။ ကျွန်မရဲ့ ရှေရှည် ပန်းတိုင်ကတော့ ဒီ အဖွဲ့အစည်း ရဲ့တိုးတက်မှုနှင့် အတူ ဆက်လက် သင်ယူ လေ့လာရင်း အခြား အလုပ်တာဝန် တွေကို တတ်နိုင် သလောက် ဆောင်ရွက် သွားမှာပါ။ ကျွန်မရဲ့ အရည် အသွေးကို မြှင့်တင် နိုင်အောင် ကြိုးစားရင်း ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများမှာလဲ ပါဝင် ဆောင်ရွက် သွားဖို့ ဆန္ဒရှိပါတယ်။ စေတနာအဖွဲ့မှာ အလုပ်လုပ်တာ ၈နှစ်ကျော် သွားပါပြီ၊ ကျွန်မ အတွက်တော့ စေတနာက ကျွန်မရဲ့ ဒုတိယ မိသားစုပါပဲ။

Nyein Nyein Thu (Administration Staff)

၂၀၀၇ခုနှစ်၊ ဖေဖော်ဝါရီလ မှ စတင်၍ စေတနာ အဖွဲ့မှာ ရုံးဝန်ထမ်း အဖြစ် စတင် တာဝန် ထမ်းဆောင် ခဲ့ပါတယ်။ ဂျပန် လူမျိုး တွေနဲ့အတူ အလုပ် လုပ်ကိုင် ရင်းနဲ့ ၎င်းတို့ရဲ့ အတွေးအခေါ်များ၊ လုပ်နည်း လုပ်ဟန် များ နဲ့ ဓလေ့ ထုံးစံများ ကို သိရှိ ခွင့် ရသည့်အတွက် ဗဟုသုတများ၊ အတွေ့အကြုံများ တိုးပွား စေပါသည်။

Kaung Myat Win (Public Relation Officer)

မြန်မာနိုင်ငံ ကျေးလက် ဒေသများ (ရှမ်းပြည်နယ်) တွင် နေထိုင်သော ကလေးသူငယ်များ၏ ပညာရေး နှင့် ဒေသဖွံ့ဖြိုး တိုးတက်ရေး အတွက် စေတနာ့ ဝန်ထမ်း လုပ်ငန်းများ ဆောင်ရွက်နေသော စေတနာအဖွဲ့၏ ဝန်ထမ်းတစ်ယောက် အဖြစ် ပါဝင် ဆောင်ရွက်ခွင့် ရရှိတဲ့ အတွက် ဂုဏ်ယူ ဝမ်းမြောက် မိပါတယ်။ ပြည်သူ့ ဆက်ဆံရေး ဝန်ထမ်း အဖြစ်၊ ဒေသခံ ပြည်သူများ နှင့် ဂျပန် ပြည်သူ ပြည်သားများ ကြားတွင် ပေါင်းကူး တံတား အဖြစ် တာဝန် ထမ်းဆောင်၍ မြန်မာ ကျေးလက် ဒေသ အခြေအနေ များနှင့် စေတနာ အဖွဲ့၏ လုပ်ငန်း ဆောင်ရွက်မှု အခြေအနေများ ကို စဉ်ဆက်မပြတ် သတင်း ထုတ်ပြန် ပေးသွားမှာ ဖြစ်ပါတယ်။

သိန်းထွန်း (ယာဉ်မောင်း)

ကျွန်တော်သည် စေတနာ အဖွဲ့တွင် (၁.၁၂.၂၀၁၀)နေ့မှ စတင်ကာ ယာဉ်မောင်း တာဝန်ကို ထမ်းဆောင် ခဲ့ပါသည်။ နယ်စပ်ဒေသ များတွင် ပညာရေးနှင့် ပတ်သတ်သော စာသင်ကျောင်း များလှူဒါန်းသည့် လုပ်ငန်းဖြစ်သဖြင့် ကုသိုလ် လည်းရ၊ ၀မ်းလည်း ၀သော လုပ်ငန်းကောင်း တခုဖြစ်သည့် အတွက် ၀မ်းသာ ဂုဏ်ယူ မိပါသည်။

Ma Cho (Cleaner)

စေတနာ အဖွဲ့ကို ၂၀၀၅ခုနှစ် မှ စတင် ၀င်ရောက် လာခဲ့တာပါ။ ကျွန်မတို့ မြန်မာနိုင်ငံ ပညာရေး ဖွံ့ဖြိုး တိုးတက် ဖို့အတွက် နိပွန် ဖောင်ဒေးရှင်း မှ စေတနာ ဆိုတဲ့ နာမည်နဲ့ လိုက်ဖက် ညီအောင် စာသင် ကျောင်းများ ဆောက်ပေးတဲ့ အဖွဲ့မှာ တတပ်တအား ပါဝင် ခဲ့ရလို့ ဂုဏ်ယူ ၀မ်းမြောက် မိပါတယ်ရှင်။

 

Taunggyi Office

Myint San (Deputy Project Director)


ရှမ်းပြည်နယ် ရှိ ရပ်ရွာ လူထု အဖွဲ့အစည်း တိုးတက်ရေး အတွက် ငြိမ်းချမ်းရေး နှင့် ဖွံ့ဖြိုး တိုးတက်ရေး အတွက် ပညာသင်ကြားခြင်း စီမံကိန်း အနေဖြင့် ကျောင်းဆောင်များ ဆောက်လုပ်ခြင်း၊ ၀င်ငွေ တိုးလုပ်ငန်းများ ဆောင်ရွက် ခြင်းတို့တွင် ပါဝင် ဆောင်ရွက်ခွင့် ရသည့်အတွက် ၀မ်းသာ ကျေနပ်မိပါသည်။

Rioko IKEGAMI (Field Officer)

မြန်မာနိုင်ငံကို ရောက်ရှိခဲ့တာ ၂နှစ်မြောက်၍ မြန်မာ စကားကိုလည်း အနည်းငယ် နားလည် လာပြီဖြစ် ပေမယ့် လုပ်ငန်းပိုင်း ဆိုင်ရာ ကိစ္စအ၀၀ကို နေ့စဉ် လေ့လာ သင်ယူ နေဆဲဖြစ်ပါတယ်။ ကောင်းမွန် တဲ့နိုင်ငံ၊ ကောင်း မွန်သော လူမျိုးများ ၀န်းရံနေတဲ့ ယခု အခြေအနေကို မဖြုန်းတီး ပစ်ပဲ အလုပ်ကို ပိုမို လုပ်ကိုင် နိုင်စေရန် အတွက် နေ့စဉ် ပျော်ရွှင် ကြည်နူးစွာ ကြိုးစား ဆောင်ရွက်သွားပါမည်။

Aye Aye Thant (Field Officer)

ကျွန်မတို့ ဒေသ ဖွံ့ဖြိုး တိုးတက် ရေးအတွက် လာရောက် အကောင်အထည် ဖော် ဆောင်ရွက် ပေးနေသော စေတနာ အဖွဲ့၏ EPD စီမံကိန်း တွင် မိမိ ဒေသအတွက် တတ်နိုင် သမျှ ခွန်အားဖြင့် ယခု လက်ရှိ ရော နောင်အနာဂတ် တွင်ပါ တတပ် တအား ကြိုးစား ဆောင်ရွက် သွားပါမည်။

Aye Thwe (Field Staff)

တောင်ကြီး စေတနာအဖွဲ့မှာ စိုက်ပျိုးရေး ကွင်း ၀န်ထမ်းအဖြစ် တာဝန် ထမ်းဆောင် ခွင့်ရလို့ ကျေနပ် မိပါ တယ်။ အားလုံး သိကြတဲ့အတိုင်း ၂၀၀၂ခုနှစ် ကစပြီး စေတနာ အဖွဲ့ဟာ နိပွန် ဖောင်ဒေးရှင်းရဲ့ ထောက်ပံ့မှု ရံပုံငွေဖြင့် ရှမ်းပြည်နယ် တောင်ပိုင်းနှင့် မြောက်ပိုင်းတွင် EPD စီမံကိန်း ဖြစ်တဲ့ ကျောင်းဆောက် လုပ်ရေး လုပ်ငန်း၊ ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းနဲ့ စိုက်ပျိုးရေး တိုးတက်မှု ပညာပေးရေး လုပ်ငန်း များကို လုပ်ကိုင် လျှက်ရှိပါသည်။

စေတနာ အဖွဲ့မှာ ၀န်ထမ်း အင်အား နည်းပေမယ့် တစ်ဦးနှင့် တစ်ဦး မိသားစုပမာ စိတ်ကောင်း ထားလျှက် ချစ်ခင် ကြင်နာကြခြင်း၊ ရိုင်းပင်း ကူညီခြင်း၊ ပူးပေါင်း ဆောင်ရွက်ခြင်း စတဲ့ စရိုက် အကျင့် ကောင်းများ ရှိနေကြတဲ့ အတွက် လည်း ဂုဏ်ယူ မိပါတယ်။

မိမိ ကိုယ်စွမ်း ဥာဏ်စွမ်းရှိသမျှ ဒေသခံပြည်သူတို့၏ စိုက်ပျိုးရေးပြဿနာများကို ကူညီ ဖြေရှင်း ပေးလျှက် ဆက်လက် ဆောင်ရွက်ဖို့လည်း မျှော်လင့် မိပါတယ်။

Aye Thwe (Field Staff)
Win Win Cho (Field Assistant)

ရပ်ရွာ ဒေသ ဖွံ့ဖြိုး တိုးတက်ရေး အတွက် အကောင်အထည်ဖော် ဆောင်ရွက် နေသော စေတနာ အဖွဲ့ ၏ EPD “ငြိမ်းချမ်းရေး နှင့် ဖွံ့ဖြိုး တိုးတက်ရေး အတွက် ပညာ သင်ကြားခြင်း စီမံကိန်း” တွင် ပါဝင် ဆောင်ရွက် ခွင့် ရသည့် အတွက် အတိုင်းမသိ ၀မ်းသာ ကြည်နူး မိပါသည်။

Kun Thein Maung (Field Staff/Driver)

၂၀၀၃ခုနှစ်ကစပြီး စေတနာ အဖွဲ့ရဲ့ ကျောင်းဆောက် လုပ်ရေးလုပ်ငန်းများ၊ ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်း နှင့် စိုက်ပျိုးရေး တိုးတက်မှု လုပ်ငန်း များကို ဒေသခံ တိုင်းရင်းသား များနှင့် အတူ လက်တွဲပြီး ဆောင်ရွက်ခွင့် ရလို့ ကျေနပ် ၀မ်းသာ ရပါတယ်။ ရှေ့ဆက်ပြီး အတတ် နိုင်ဆုံး လုပ်ကိုင် သွားဖို့လည်း ဆန္ဒ အပြည့် ရှိပါတယ်။

Su Ye Nwe (Office Clerk)

စေတနာ မိသား စုမှာ အငယ်ဆုံး ဖြစ်နေပေမယ့် စေတနာ၏ လုပ်ငန်းများ အားလုံးကို ကြိုးစား သင်ယူလေ့ လာရင်း စေတနာ၏ “ငြိမ်းချမ်းရေး နှင့်ဖွံ့ဖြိုး တိုးတက်ရေး အတွက် ပညာ သင်ကြားခြင်း စီမံကိန်းဖြင့် ရပ်ရွာ အကျိုး ပြု လုပ်ငန်းများတွင် ပျော်ပျော်ရွှင်ရွှင် ပါဝင် ဆောင်ရွက် နေပါတယ်ရှင်။ စေတနာ ၏ စာမျက်နှာသို့ ၀င်ရောက် လေ့လာ ဖတ်ရှု သူများ ကိုလည်း ကျေးဇူး တင်ပါတယ်ရှင်။

Lashio Office

Tin Lay (Field Officer)

၂၀၀၃ခုနှစ်၊ အောက်တို ဘာလတွင် စေတနာ အဖွဲ့၌ အလုပ် စတင် လုပ်ကိုင် ခဲ့ပါသည်။ စေတနာ အဖွဲ့မှ ၀န်ထမ်းများ နှင့်အတူ အလုပ်လုပ်ရတာ ကျေနပ် နှစ်သက် ပါသည်။ ယခု ကျွန်တော့် အသက်ဟာ ၇၄နှစ် ရှိပြီ ဖြစ်ပေ မယ့် စေတနာမှာ အလုပ် ဆက်လုပ် နေဖို့အတွက် စိတ်ကတော့ အမြဲတမ်း နုပျို လန်းဆန်း နေပါတယ်။ နိပွန် ဖောင်ဒေးရှင်း၊ စေတနာအဖွဲ့သည် မျက်မှောက် အချိန်နှင့် အနာဂတ် တွင်ပါ မြန်မာ လူမျိုးများအား ဆက်လက်၍ ကူညီ ပံ့ပိုးပေး နိုင်ပါစေဟု ဆန္ဒပြုပါသည်။

မနန်းမိုခမ်းဟွမ်

အခုလိုစေတနာအဖွဲ့ရဲ့အဖွဲ့ဝင် တစ်ယောက်အနေနဲ့ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်ဖက်တစ်လမ်းမှ ပါဝင်လုပ်ဆောင်ရတာ အရမ်းပဲ ဂုဏ်ယူ ၀မ်းမြောက်မိပါတယ်။ အဖွဲ့ဝင် တစ်ယောက်ရဲ့တာဝန်ကို အကောင်းဆုံး ဖြစ်အောင် ကြိုးစားပြီး လုပ်ဆောင် သွားပါမယ်။

Yu Myat Sandy (Field Staff)

မင်္ဂလာပါရှင်။ စေတနာမိသားစုရဲ့ အဖွဲ့ဝင်သစ် တစ်ယောက်ဖြစ်တဲ့ မယုမြတ်စန္ဒီပါ။ ကျွန်မ ဖွံ့ဖြိုးရေး နဲ့ပညာရေး ကဏ္ဍ တွေကို အထူးပဲ စိတ်ဝင်စားပါတယ်။ ရပ်ရွာလူထုကို ပညာ သင်ကြားနိုင်ရန်၊ ကိုယ်ပိုင် စွမ်းဆောင်ရည် မြှင့်တင် လာနိုင်ရန် အကူအညီ ပေးခြင်းတို့ဖြင့် ကျွန်မတို့ရဲ့ရပ်ရွာကို ဖွံ့ဖြိုး တိုးတက် လာအောင် ဆောင်ရွက် ပေးခြင်းဟာ နိုင်ငံသား တစ်ယောက်ရဲ့ တာဝန်ဖြစ်တယ်လို့ ခံယူထားတဲ့ အတွက်ကြောင့် ၊ စေတနာ အဖွဲ့ရဲ့ ရှမ်းပြည်နယ်မှာ အကောင် အထည် ဖော်နေတဲ့ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေး တိုးတက်ရေး အတွက် ပညာသင်ကြားခြင်း စီမံကိန်းတွေမှာ စိတ်အား ထက်သန်စွာနဲ့ပါဝင် ချင်ပါတယ်။ ဖွံ့ဖြိုးရေး အလုပ်ဟာ အခက်ဆုံး ပါလို့ လူအများက ဆိုကြပါတယ်။ ကျွန်မ အနေနဲ့ကတော့ ယခုလို ဖွံ့ဖြိုးရေး လုပ်ငန်းတွေမှာပါဝင်ခွင့် ရတဲ့အတွက် ဂုဏ်ယူ ပါတယ်။ ဒါကြောင့် စေတနာ အဖွဲ့မှာ အလုပ် လုပ်ခွင့် ရတဲ့အတွက် ဂုဏ်ယူ ၀မ်းသာ မိပါတယ်။ တိုင်းရင်းသား မောင်နှမများနှင့် တွေ့ခွင့် ရတဲ့အတွက်၊ လှပတဲ့ ရှမ်းပြည်နယ်မှာ နေခွင့် ရတဲ့အတွက် လည်း ပျော်ရွှင် မိပါတယ်။

Moe Ko KO (Driver)

ကျွန်တော်သည် စေတနာ အဖွဲ့၌ ၂၀၁၀ခုနှစ်၊ ဇူလိုင်လ တွင် ယာယီ ၀န်ထမ်း(ယာဉ်မောင်း) တာဝန်ကို စတင် ထမ်းဆောင်ခဲ့ ကာ ၂၀၁၁ ခုနှစ်၊ ဇန်န၀ါရီလ(၁)ရက်နေ့တွင် ၀န်ထမ်း(ယာဉ်မောင်း) အဖြစ် တာဝန် ပေးအပ်ခြင်း ခံခဲ့ရပါသည်။ စေတနာအဖွဲ့၏ “ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး အတွက် ပညာသင်ကြားခြင်း စီမံကိန်း” အကြောင်းကို သိရှိ ခွင့်ရသည့် အတွက် အရမ်း ၀မ်းသာ ကြည်နူး မိပါသည်။ စေတနာ အဖွဲ့သည် နတလ၊ ဒေသခံ ပြည်သူ လူထုနှင့် ပူးပေါင်းပြီး စာသင် ကျောင်းဆောင်တွေ ဆောက်လုပ် လျှက်ရှိပြီး၊ စာသင်ကျောင်း ဆောင်တွေ ပြီးစီးသွားသည့် အတွက် ဖြစ်ပေါ် လာသော ကလေး များ၊ မိဘများ၊ ဆရာ / ဆရာမများ၏ ၀မ်းသာ ပီတိကို တွေ့မြင်ခွင့် ရသောကြောင့် ရင်ထဲမှ အတိုင်းမသိ ကြည်နူး မိပါ တယ်ခင်ဗျာ။