စီမံကိန်းများ

စီမံကိန်းသမိုင်း

မြန်မာနိုင်ငံ၏ တိုင်းရင်းသား လူမျိုးများ အနက် အချို့သော တိုင်းရင်းသား များ နေထိုင်ရာ နယ်စပ် ဒေသ အများအပြား သည် ဝေးလံခေါင်ဖျားသော ဒေသ ဖြစ်သည့်အပြင်  အစိုးရ ဆန့်ကျင်ရေး အဖွဲ့အစည်းများ၏ အုပ်ချုပ်မှု အောက်တွင် နှစ် အတန်ကြာ နေခဲ့ ရသော ကြောင့် မြို့ပြနှင့် နှိုင်းယှဉ် ပါက ဖွံ့ဖြိုး တိုးတက်မှု နောက်ကျ နေပါသည်။ မျက်မှောက် ကာလ တွင် နိုင်ငံ တော် အစိုး ရ နှင့် အစိုးရ ဆန့်ကျင်ရေး အဖွဲ့အစည်း များက ငြိမ်းချမ်းရေး ယူထား ကြပြီ ဖြစ်၍ ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများ လည်း စတင် အကောင်အထည် ဖော် ဆောင်ရွက်လျှက် ရှိသော် လည်း လတ်တလော စီးပွားရေး အခြေအနေ တွင် ဆင်းရဲ ချို့တဲ့ မှုများ ကြောင့် အခြေခံ ပညာရေး ကို သင်ကြားခွင့် မရသော ကလေးငယ် များစွာ ရှိနေ ပါသည်။ အစိုးရ အဖွဲ့အစည်း များနှင့် အခြား အဖွဲ့အစည်း များ၏ အထောက် အပံ့ကို လုံလောက်စွာ မရ သေးသည့် ဒေသ ဖြစ်သော ရှမ်းပြည်နယ် ၏ ကျေးလက် ဒေသ ဖွံ့ဖြိုးမှု အတွက် ဒေသခံ ပြည်သူများ ပူးပေါင်း ပါဝင်သော နည်းလမ်းဖြင့် ကျောင်းဆောက် လုပ်ရေး လုပ်ငန်း နှင့် ကျေးရွာ ဖွံ့ဖြိုးရေး လုပ်ငန်းများကို တိုးတက် အောင် ဆောင်ရွက် သင့်ပါသည်။ အနာဂတ်ကို ဦးဆောင်မည့် ကလေးငယ် များအတွက် အခြေခံ ပညာရေးကို သင်ကြား နိုင်ရန် အခွင့် အလမ်းများ ဖြစ်ပေါ် လာစေရန် အတွက် ဆောင်ရွက်ရင်း နှင့် အနာဂတ် တွင် နယ်စပ်ဒေသ ငြိမ်းချမ်း စေရေးအတွက် ရည်ရွယ် ဆောင်ရွက်ခြင်း သည် ကြိုတင် ပြင်ဆင်မှု ပင်ဖြစ်ပါသည်။

စီမံကိန်း၏ရည်ရွယ်ချက်

၁။ မြန်မာနိုင်ငံ၏ နယ်စပ် ဒေသ များတွင် ကျောင်း ဆောက်လုပ်ရေး လုပ်ငန်း ဆောင်ရွက်ခြင်း (အသစ် ဆောက်လုပ်ခြင်း၊ တိုးချဲ့ခြင်း၊ ပြန်လည် ပြင်ဆင်ခြင်း)
၂။ ကျောင်း ဆောက်လုပ်ရေး ဆောင်ရွက် ခဲ့သော ကျေးရွာ များတွင် ကျေးရွာ ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက် နိုင်ရန် အတွက် ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ၀င်ငွေ တိုး လုပ်ငန်းနှင့် ကျောင်း အဆောက်အဦး ရေရှည် တည်တံ့ စေရန် စီမံခန့်ခွဲရေး လုပ်ငန်းများ ဆောင်ရွက်ခြင်း။
၃။ ဆင်းရဲ နွမ်းပါးသော မိသားစုဝင် ကလေးငယ် များအား ကျောင်း နေနိုင်ရန် အခွင့် အလမ်းများ ပိုမို ရရှိ စေရေး အတွက် လယ်ယာ စိုက်ပျိုးရေး ဆိုင်ရာ အသက် မွေး ၀မ်းကြောင်း မှုများ တိုးတက် ကောင်းမွန် စေရန် စိုက်ပျိုးရေး လုပ်ငန်း ဖွံ့ဖြိုးတိုး တက်ရေးနှင့် နည်းပညာ ပြန့်ပွားရေး လုပ်ငန်းဆောင်ရွက်ခြင်း။

စီမံကိန်းကာလ

စီမံကိန်းအဆင့်-၁၊ (၅)နှစ်တာ ကာလအတွင်း ရှမ်းပြည်နယ် တောင်ပိုင်း နှင့် မြောက်ပိုင်း တွင် အခြေခံ ပညာ မူလတန်း ကျောင်း ပေါင်း (၁၀၂)ကျောင်းကို ဆောက်လုပ်ပြီးစီးခဲ့ပြီး၊ ကျေးရွာ ဖွံ့ဖြိုးရေး ၀င်ငွေတိုး လုပ်ငန်းများကို အကောင်အထည် ဖော် ဆောင် ရွက် လျှက်ရှိပါသည်။ လက်ရှိ ကာလတွင် စီမံကိန်း အဆင့်(၂)ကို အကောင်အထည် ဖော်လျှက် ရှိပြီး၊ ၂၀၁၂ ခုနှစ် အထိ ကျေးရွာ ပေါင်း(၁၀၀)တွင် စီမံကိန်း လုပ်ငန်းကို ဖွံ့ဖြိုး တိုးတက်အောင်  ဆောင်ရွက် သွားမည်ဖြစ်ပါသည်။

စီမံကိန်းတည်နေ၇ာ

ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ရှမ်းပြည်နယ်မြောက်ပိုင်း