Saetanar

အသေးစား စီမံကိန်း အကောင်အထည် ဖော်ဆောင်ရွက်မှု
၁။ ရည်ရွယ်ချက်

ကျောင်းဆောင်သစ် လိုအပ်ချက် မြင့်မားသော်လည်း စေတနာ အဖွဲ့ဧ။် EPD စီမံကိန်း သတ်မှတ်ချက်မူများနှင့် မကိုက်ညီ သဖြင့် စီမံကိန်း ဆောင်ရွက်ရန်မဖြစ်နိုင်သော အခြေခံ ပညာမူလတန်း၊ မူလတန်းလွန်၊ အလယ်တန်း ကျောင်းများ အတွက်ရည်ရွယ်၍ အသေးစား စီမံကိန်း(EPD)ကို ဆောင်ရွက်ခြင်း ဖြစ်ပါသည်။ အသေးစားစီမံကိန်း (Mini-Project) ဆောင်ရွက် ခြင်းဖြင့် ကလေးများ ပညာသင်ယူရန်အတွက် ကောင်းမွန်သော ပတ်ဝန်းကျင် ရရှိစေရန်နှင့် ဒေသခံ ပြည်သူများ အနေဖြင့် မိမိတို့ဒေသရှိ ကျောင်းဧ။် ဖွံ့ဖြိုးတိုးတက်ရေး ကို မိမိတို့ ကိုယ်တိုင် တာဝန်ယူ စီမံခန့်ခွဲ နိုင်ရန်အတွက်လည်း ရည်ရွယ်ပါသည်။

၂။ စီမံကိန်းကျောင်း ရွေးချယ်ခြင်းနှင့် လိုအပ်သည့် အချက်အလက်များ

စေတနာအဖွဲ့ဧ။် EPD စီမံကိန်းဆောင်ရွက်နေသည့် ဒေသအတွင်း ရှိပြီး၊ လက်ရှိစာသင်ဆောင်ကို ပြင်ဆင်ရန်၊ တိုးချဲ့ရန်(သို့မဟုတ်) ကျောင်းဆောင်သစ်ဆောက်လုပ်ရန် (အလျားပေ ၆၀ x အနံပေ ၃၀ ထက်မပိုသောကျောင်းဆောင်) လိုအပ်ချက်မြင့်မားသော အခြေခံပညာမူလတန်း၊ မူလတန်းလွန်၊ အလယ်တန်းကျောင်းများကို အဓိကထား၍ ရွေးချယ် ပါမည်။ အဆိုပါအချက်များနှင့် ကိုက်ညီမှုရှိသော စာသင်ကျောင်းများကို အသေးစား စီမံကိန်းအစီအစဉ်ဖြင့် ပံ့ပိုးကူညီပြီး ဒေသခံပြည်သူများကလည်း မိမိတို့တတ်နိုင်သည့်ဖက်မှနေ၍ ငွေကြေး၊ ဒေသတွင်းရှိ ဆောက်လုပ်ရေး ကုန်ကြမ်းပစ္စည်း နှင့်လုပ်အားပေးများ ပူးပေါင်း ပါဝင်ရမည်ဖြစ်ပါသည်။ ပူးပေါင်းပါဝင်လိုသည့် စိတ်ဆန္ဒ မရှိသည့် ဒေသများကို ရွေးချယ် ခြင်းပြုမည်မဟုတ်ပါ။

၃။ လုပ်ငန်းစဉ်

အသေးစား စီမံကိန်းဆောင်ရွက်ရန် သင့်လျော်သောကျောင်းများကို သတ်မှတ်ပြီးပါက စေတနာအဖွဲ့သည် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် နိပွန်ဖောင်ဒေးရှင်း ဧ။် သဘောတူခွင့်ပြုချက်ကို ရယူရန်အတွက် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် နိပွန်ဖောင်ဒေးရှင်းသို့ အဆိုပြု လွှာ တင်သွင်းမည်ဖြစ်ပါသည်။

၎။ စီမံကိန်းအကောင်အထည်ဖော်ခြင်း

စေတနာအဖွဲ့သည် အသေးစားစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်သည့်အခါတွင် သက်ဆိုင်ရာစာသင် ကျောင်း/ဒေသခံပြည်သူများနှင့် တိုက်ရိုက် ဆက်သွယ် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

၅။ အစီရင်ခံစာတင်ပြခြင်း

အသေးစား စီမံကိန်းတစ်ခုစီဧ။် လုပ်ငန်း အကောင်အထည် ဖော်ဆောင်ရွက်မှုပြီးစီးပါက လုပ်ငန်းဆောင်ရွက်မှု ပြီးစီးကြောင်း အစီရင်ခံစာကို နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် နိပွန်ဖောင်ဒေးရှင်း သို့ တင်ပြမည် ဖြစ်ပါသည်။ “

ကျေးရွာ ဖွံ့ဖြိုးရေး ၀င်ငွေ တိုးလုပ်ငန်း
ကျေးရွာ ဖွံ့ဖြိုးရေး ၀င်ငွေတိုး လုပ်ငန်းဆိုသည်မှာ စေတနာအဖွဲ့ဧ။် “ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး အတွက် ပညာ သင်ကြားခြင်းစီမံကိန်း” ဧ။် အရေးကြီးဆုံး သော အခန်း ကဏ္ဍတွင် ပါဝင်ပါသည်။ ဤလုပ်ငန်းသည် ကျောင်းဆောင်သစ် ရေရည် တည်တံ့ခိုင်မြဲရေး၊ ဒေသခံ ပြည်သူများဧ။် ၀င်ငွေ တိုးတက် များပြားလာ၍ ကျေးရွာ ဖွံ့ဖြိုးရေးလုပ်ငန်းကို ပိုမို လုပ်ဆောင်လာနိုင်ရေး၊ တဖန် ၀င်ငွေတိုးလုပ်ငန်းမှတဆင့် မိဘများဧ။် စီးပွားရေး အခက် အခဲကို ပြေလည်စေ၍ ကျောင်းမတက်နိုင်ကြသော ကျောင်းသားဦးရေ အား လျှော့ချနိုင်ရေးအတွက် ရည်ရွယ် လုပ်ဆောင်လျှက်ရှိပါသည်။

ကျောင်းဆောင်သစ် ရေရှည်တည့်တံ့ခိုင်မြဲအောင် လုပ်ဆောင်ရာတွင် ငွေကြေးပမာဏ လိုအပ်ပါသည်။ သို့ရာတွင် ထိုငွေကြေးအား ဒေသခံ ပြည်သူများ အနေဖြင့် ပံ့ပိုးနိုင်စွမ်း မရှိကြပါ။ အစိုးရမှ ထောက်ပံ့ထားသော ပံ့ပိုးငွေကြေးမှာလည်း ဆရာ။မ၊ ကျောင်းအဆောက်အဦး၊ စာသင်ခန်း၊ ကျောင်းသုံး ပရိဘောဂ၊ အိမ်သာ စသည်များ လုံလောက်မှု မရှိုခြင်းတို့ကြောင့် ထိုနေရာ များတွင် သုံးစွဲနေရသည့်အတွက် အကန့်အသတ် ဖြစ်လျှက် ရှိပါသည်။

အစိုးရခန့်ဆရာ/မများအား မိမိတို့ကျောင်းတွင် ရေရှည် နေထိုင်မှု အဆင်ပြေစေရန်အတွက် ကျေးရွာမှ ဆန်၊ ဆီ၊ ခရီးစရိတ်ထောက်ပံ့ခြင်းအပြင် ကျောင်း အဆောက်အဦး ဆောက်လုပ်ခြင်း၊ ပြင်ဆင်ခြင်းတွင် လည်း ကောင်း၊ လမ်းဖောက်ခြင်း၊ ပြုပြင်ခြင်းတွင် လည်းကောင်း၊ ကျေးရွာ ဘုန်းတော်ကြီးကျောင်း ဆောက်လုပ်ခြင်း၊ ပြုပြင်ခြင်းတွင်လည်းကောင်း ကျေးရွာသူ/သားများသည် ငွေကြေး ထည့်ဝင်နေရပါသည်။ ထိုကဲ့သို့ များပြား လှသော ငွေကြေးပမာဏအား ၀င်ငွေနည်းပါးလှသော တောင်သူ လယ်သမားများ ဖြစ်သည့်အတွက် ပူးပေါင်း ထည့်ဝင်နိုင်စွမ်းမရှိကြပါ။

အထက်တွင်ဖော်ပြခဲ့သော အခြေအနေများတွင်၊ ကျေးရွာဖွံ့ဖြိုးရေးဝင်ငွေတိုးလုပ်ငန်းကို အကောင် အထည်ဖော်ဆောင်ရွက် ခြင်းဖြင့် ၎င်းင်းတို့ဧ။် ၀န်ထုပ်ဝန်ပိုးများကို လျော့ကျစေကာ ကလေးငယ်များလည်း အလွယ် တကူ ကျောင်းဆက်လက် တက်ရောက်နိုင်မည်ဖြစ်ပါသည်။ ကျေးရွာဖွံ့ဖြိုးရေး ၀င်ငွေတိုးလုပ်ငန်းအား အကောင် အထည်ဖော် ဆောင်ရွက်မှုများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

စေတနာအဖွဲ့နှင့် ဒေသခံပြည်သူများ ပူးပေါင်းပြီး ကျောင်းဆောင်သစ် ဆောက်လုပ်ခြင်းလုပ်ငန်းကို အကောင်အထည်ဖော် ဆောက်လုပ်သည့်အခါ ဒေသခံပြည်သူများမှ အုတ်မြစ် တည်ဆောက်ရေး လုပ်ငန်းကို တာဝန်ယူရပါသည်။ ဒေသခံပြည်သူများမှ အုတ်မြစ်အပြင် ငွေကြေး(ကျေးရွာမှတတ်နိုင်သည့်ပမာဏ)၊ ကျေးရွာ အစီအစဉ်ဖြင့် စုဆောင်းထားရှိသည့် ဆောက်လုပ်ရေး ကုန်ကြမ်းပစ္စည်းများရှိပါက အဆိုပါကုန်ကြမ်းပစ္စည်းများ၊ မိမိတို့ဒေသအတွင်း ထွက်ရှိသည့် သဲ၊ ကျောက်အစရှိသည့် ကုန်ကြမ်း ပစ္စည်းများနှင့် မိမိတို့ဆန္ဒအရ ပေးသော လုပ်အားပေးများ ပါဝင်ကြပါသည်။

ကျောင်းဆောင်သစ် လုပ်ငန်းပြီးဆုံးချိန်၌ စေတနာအဖွဲ့မှ ကျောင်းဆောက်လုပ်ရေး လုပ်ငန်းတွင် ဒေသခံပြည်သူများဧ။် ပူးပေါင်း ပါဝင်မှုများကို ပြန်လည်တွက်ချက်ပြီး ကျေးရွာ ဖွံ့ဖြိုးရေး ရံပုံငွေအဖြစ် ကျေးရွာသို့ ပြန်လည် ပေးအပ်ပါသည်။ စေတနာမှ ပြန်လည် ပေးအပ်သော ကျေးရွာဖွံ့ဖြိုးရေးရံပုံငွေဖြင့် ကျေးရွာဖွံ့ဖြိုးရေးကော် မတီမှဦးဆောင်ပြီး ၀င်ငွေတိုး လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ရပါမည်။ ကျေးရွာဖွံ့ဖြိုး ကော်မတီနှင့်  ရွာသူ/သားများသည် မိမိတို့ ဒေသနှင့် ကိုက်ညီသည့် ၀င်ငွေတိုး လုပ်ငန်းကို စဉ်းစား ဆုံးဖြတ်ပြီး စီမံ ချက်ရေးဆွဲ၍ အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ပါသည်။

ကျေးရွာ ဖွံ့ဖြိုးရေးကော်မတီနှင့် ဒေသခံပြည်သူများသည် ကျေးရွာဖွံ့ဖြိုးရေး ၀င်ငွေတိုးလုပ်ငန်းကို ရွေးချယ်သည့်အခါ အောက်ပါအချက်များ ပေါ်မူတည်၍ စဉ်းစားရွေးချယ်ပါသည်။

(၁)    အကျိုးအမြတ်ရရှိပြီး စဉ်ဆက်မပြတ်ဆောင်ရွက်နိုင်မည့်လုပ်ငန်း၊

(၂)    ရပ်ရွာလူထုမှသဘောတူညီသည့်လုပ်ငန်း

(၃)    ရပ်ရွာမှတာဝန်ယူဆောင်ရွက်နိုင်သောလုပ်ငန်း

(၄)    ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက်အထောက်အကူပြုလုပ်ငန်း

အထက် ဖော်ပြပါ အချက်များနှင့် ကူညီမှုရှိ သည့်လုပ်ငန်းကို ရွေးချယ်ပြီးပါက စီမံချက်ရေးဆွဲပြီး ကျေးရွာ ဖွံ့ဖြိုးရေးကော်မတီ နှင့် ဒေသခံပြည်သူများက အကောင်အထည်ဖော် ဆောင်ရွက် ရပါမည်။

အသေးစား စီမံကိန်း အကောင်အထည် ဖော်ဆောင်ရွက်မှု
၁။ ရည်ရွယ်ချက်

ကျောင်းဆောင်သစ် လိုအပ်ချက် မြင့်မားသော်လည်း စေတနာ အဖွဲ့ဧ။် EPD စီမံကိန်း သတ်မှတ်ချက်မူများနှင့် မကိုက်ညီ သဖြင့် စီမံကိန်း ဆောင်ရွက်ရန်မဖြစ်နိုင်သော အခြေခံ ပညာမူလတန်း၊ မူလတန်းလွန်၊ အလယ်တန်း ကျောင်းများ အတွက်ရည်ရွယ်၍ အသေးစား စီမံကိန်း(EPD)ကို ဆောင်ရွက်ခြင်း ဖြစ်ပါသည်။ အသေးစားစီမံကိန်း (Mini-Project) ဆောင်ရွက် ခြင်းဖြင့် ကလေးများ ပညာသင်ယူရန်အတွက် ကောင်းမွန်သော ပတ်ဝန်းကျင် ရရှိစေရန်နှင့် ဒေသခံ ပြည်သူများ အနေဖြင့် မိမိတို့ဒေသရှိ ကျောင်းဧ။် ဖွံ့ဖြိုးတိုးတက်ရေး ကို မိမိတို့ ကိုယ်တိုင် တာဝန်ယူ စီမံခန့်ခွဲ နိုင်ရန်အတွက်လည်း ရည်ရွယ်ပါသည်။

၂။ စီမံကိန်းကျောင်း ရွေးချယ်ခြင်းနှင့် လိုအပ်သည့် အချက်အလက်များ

စေတနာအဖွဲ့ဧ။် EPD စီမံကိန်းဆောင်ရွက်နေသည့် ဒေသအတွင်း ရှိပြီး၊ လက်ရှိစာသင်ဆောင်ကို ပြင်ဆင်ရန်၊ တိုးချဲ့ရန်(သို့မဟုတ်) ကျောင်းဆောင်သစ်ဆောက်လုပ်ရန် (အလျားပေ ၆၀ x အနံပေ ၃၀ ထက်မပိုသောကျောင်းဆောင်) လိုအပ်ချက်မြင့်မားသော အခြေခံပညာမူလတန်း၊ မူလတန်းလွန်၊ အလယ်တန်းကျောင်းများကို အဓိကထား၍ ရွေးချယ် ပါမည်။ အဆိုပါအချက်များနှင့် ကိုက်ညီမှုရှိသော စာသင်ကျောင်းများကို အသေးစား စီမံကိန်းအစီအစဉ်ဖြင့် ပံ့ပိုးကူညီပြီး ဒေသခံပြည်သူများကလည်း မိမိတို့တတ်နိုင်သည့်ဖက်မှနေ၍ ငွေကြေး၊ ဒေသတွင်းရှိ ဆောက်လုပ်ရေး ကုန်ကြမ်းပစ္စည်း နှင့်လုပ်အားပေးများ ပူးပေါင်း ပါဝင်ရမည်ဖြစ်ပါသည်။ ပူးပေါင်းပါဝင်လိုသည့် စိတ်ဆန္ဒ မရှိသည့် ဒေသများကို ရွေးချယ် ခြင်းပြုမည်မဟုတ်ပါ။

၃။ လုပ်ငန်းစဉ်

အသေးစား စီမံကိန်းဆောင်ရွက်ရန် သင့်လျော်သောကျောင်းများကို သတ်မှတ်ပြီးပါက စေတနာအဖွဲ့သည် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် နိပွန်ဖောင်ဒေးရှင်း ဧ။် သဘောတူခွင့်ပြုချက်ကို ရယူရန်အတွက် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် နိပွန်ဖောင်ဒေးရှင်းသို့ အဆိုပြု လွှာ တင်သွင်းမည်ဖြစ်ပါသည်။

၎။ စီမံကိန်းအကောင်အထည်ဖော်ခြင်း

စေတနာအဖွဲ့သည် အသေးစားစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်သည့်အခါတွင် သက်ဆိုင်ရာစာသင် ကျောင်း/ဒေသခံပြည်သူများနှင့် တိုက်ရိုက် ဆက်သွယ် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

၅။ အစီရင်ခံစာတင်ပြခြင်း

အသေးစား စီမံကိန်းတစ်ခုစီဧ။် လုပ်ငန်း အကောင်အထည် ဖော်ဆောင်ရွက်မှုပြီးစီးပါက လုပ်ငန်းဆောင်ရွက်မှု ပြီးစီးကြောင်း အစီရင်ခံစာကို နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် နိပွန်ဖောင်ဒေးရှင်း သို့ တင်ပြမည် ဖြစ်ပါသည်။ “

ငြိမ်းချမ်းရေး နှင့် ဖွံ့ဖြိုး တိုးတက်ရေးအတွက် ပညာ သင်ကြားခြင်း စီမံကိန်း
မြန်မာနိုင်ငံ ကျေးလက်ဒေသများတွင် စာသင်ခန်းများ လုံလောက်မှုမရှိခြင်း၊ ကျောင်းဆောင်များ ဟောင်း နွမ်းပျက်စီးနေခြင်း၊ ဆရာ/မ ဦးရေလုံလောက်မှု မရှိခြင်း၊ အချို့သော ကလေးများမှာ မိဘစီးပွားရေး အခြေအနေ အရ ပညာသင်ယူနိုင်မှုမရှိခြင်း စသည့်အချက် များသည် ပညာ သင်ကြားရေး အတွက် ရင်ဆိုင်နေရ သည့် အခက်အခဲများ ဖြစ်ပါသည်။ ထိုအခက်အခဲများ ကို ကျော်လွှား နိုင်ရန်အတွက် ရည်ရွယ်၍ အောက်ပါ လုပ်ငန်းစဉ်(၃)ရပ်ဖြင့်စေတနာအဖွဲ့၏ “ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာသင်ကြားခြင်း (EPD) စီမံကိန်း” ကိုအကောင်အထည်ဖော် ဆောင်ရွက်ပါ သည်။

(၁) ဒေသခံပြည်သူများ၏ ပူးပေါင်းပါဝင် ကြိုးစားအားထုတ် မှုဖြင့် ကျောင်းဆောင်သစ် ဆောက်လုပ်ခြင်း။

(၂) ကျောင်းဆောင်ပြုပြင်ထိန်းသိမ်းခြင်း၊ ဆရာ/မများအား ထောက်ပံ့ပေးခြင်း၊ ဆင်းရဲနွမ်းပါးသော မိသားစုဝင် ကလေးများအား ပညာသင်စရိတ်ထောက်ပံ့ပေးခြင်းနှင့် ကျေးရွာ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက် နိုင်ရန်အတွက်ရန်ပုံငွေရရှိစေပြီး၊ ဒေသ အခြေအနေနှင့် ကိုက်ညီသော ကျေးရွာဖွံ့ဖြိုးရေး ၀င်ငွေ တိုးလုပ်ငန်းများကို ဒေသခံပြည်သူများက အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရန်ပံ့ပိုးခြင်း။

(၃) စိုက်ပျိုးရေးကိုအခြေခံသော ဒေသခံပြည်သူများအနေဖြင့် မိမိတို့သား/သမီးများ၏ ပညာ ရေးကို ပြန်လည် အာရုံ စိုက်လာနိုင်ရန် သွယ်ဝိုက်သောနည်းဖြင့် ဆက်နွယ်လျက်ရှိသည့် စိုက်ပျိုးရေး ထွက်ကုန် ပစ္စည်းများ အရည်အသွေး မြင့်မားပြီး ပိုမိုထွက်ရှိနိုင်သော သဘာဝ အခြေခံစိုက်ပျိုး နည်းစနစ်များ သင်ယူ လေ့လာနိုင်ရန် ပံ့ပိုးကူညီ ဆောင်ရွက်ပေးခြင်း။

(၁)    ကျောင်းဆောင်သစ်ဆောက်လုပ်ရေး

စီမံကိန်းဆောင်ရွက်ရန်အတွက် သတ်မှတ်ဒေသများသို့ ကွင်းဆင်းလေ့လာခြင်း

(၁)    နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ပညာရေးဝန်ကြီးဌာနမှအများအားဖြင့် မြို့နယ် တစ်မြို့နယ်လျှင် (၃)ကျောင်းနှုန်းဖြင့် EPD စီမံကိန်း ဆောင်ရွက်ရန် သင့်တော်သော ကျောင်းများကို ရွေးချယ်ပေးပါ သည်။

(၂)    အဆိုပါ ကျောင်းများသို့ စေတနာအဖွဲ့မှ ကွင်းဆင်းလေ့လာ သွားရောက်၍ ဒေသခံ ပြည်သူများနှင့် တွေ့ဆုံ ဆွေးနွေး ညှိနှိုင်းကာ EPD စီမံကိန်းဖြင့် ဆောက်လုပ်မည့် ကျောင်းများ ကို ရွေးချယ်ပါသည်။ ဒေသခံ ပြည်သူများ နှင့် တွေ့ဆုံ ဆွေးနွေးပွဲ မတိုင်မီတွင် ကျောင်းဆောက်လုပ်ရေး ကော်မတီကို ဖွဲ့စည်း ထားပြီး ဖြစ်ရပါမည်။ အကယ်၍ ဖွဲ့စည်းမထားသေးပါက၊ ဒေသခံပြည်သူများအား ကျောင်း ဆောက်လုပ်ရေး ကော်မတီဖွဲ့စည်းထားပေးရန် တောင်းဆို ပါသည်။ စေတနာ အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးပွဲတွင် ကျောင်း ဆောက်လုပ်ရေး ကော်မတီ၊ ဆရာ/မများ၊ ဒေသခံ ပြည်သူများ တက်ရောက်ကြပါသည်။

(၃)    အဆိုပါတွေ့ဆုံ ဆွေးနွေးပွဲတွင် ကျောင်းဆောင်သစ်များ ဆောက်လုပ်ရေးနှင့် ပတ်သတ်သော အခြေခံ နည်းစနစ်များ၊ EPD စီမံကိန်းသည် ဒေသခံပြည်သူများနှင့် ပူးပေါင်း ဆောင်ရွက်သော စီမံကိန်း ဖြစ်သောကြောင့် ပညာရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် စံနမူနာကို အခြေခံထား၍ အုတ်မြစ် ဆောက်လုပ်ခြင်းလုပ်ငန်းအား ဒေသခံပြည်သူများမှ ပူးပေါင်း ပါဝင်ရမည်ဖြစ်ကြောင်း စေတနာ အဖွဲ့မှ ရှင်းလင်းပြောကြားပါသည်။

(၄)    ကွင်းဆင်းလေ့လာသွားရောက်ပြီးနောက်၊ ကျောင်းဆောက်လုပ်ရေးလုပ်ငန်းအတွက်မျှော်မှန်းကုန်ကျစရိတ်၊ ကျောင်း ဆောင်အသစ်လိုအပ်မှု၊ ဒေသခံပြည်သူများဧ။် ပူးပေါင်းထည့်ဝင်မှု၊ ထိုဒေသ တွင် EPD စီမံကိန်းဆောင်ရွက်ခြင်းဖြင့် ထိုဒေသသာမက‘ပတ်ဝန်းကျင်ဒေသများပါ ဖွံ့ဖြိုးတိုးတက်မှု အတွက် အကျိုးသက်ရောက်နိုင်မှုစသည့် အသေးစိတ် အချက်အလက် များအပေါ် အခြေခံ၍ အကဲဖြတ် အမှတ်ပေးပါသည်။

(၅)    အကဲဖြတ်အမှတ်များအပေါ်အခြေခံ၍ စေတနာအဖွဲ့သည် နိပွန်ဖောင်ဒေးရှင်း၊ နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနတို့နှင့် တိုင်ပင်ညှိနှိုင်းကာ EPD စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ရန် ကျောင်းများကို ရွေးချယ်ပါသည်။

ကျောင်းဆောင် ဆောက်လုပ်ရေးလုပ်ငန်း

(၁)    EPD စီမံကိန်းဆောင်ရွက်ရန် ကျောင်းများရွေးချယ်ပြီးနောက်၊ ကျောင်းအသီးသီးတွင် ကျောင်းဆောက်လုပ်ရေး ကော်မတီနှင့် အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ပါသည်။ အများ အားဖြင့် ကျောင်း ဆောက်လုပ်ရေးလုပ်ငန်း မစတင်မီ အလုပ်ရုံ ဆွေးနွေးပွဲအား နှစ်ကြိမ်မှ သုံးကြိမ်အထိ ပြုလုပ်လေ့ရှိပါသည်။ ၎င်းဆွေးနွေးပွဲတွင် ကျောင်းဆောင်အရွယ် အစား၊ ဆောင်ကြမ်း၊ နံရံ၊ အမိုး၊ မျက်နှာကျက် စသည်များအတွက် လိုအပ်သော ကုန်ကြမ်းပစ္စည်း၊ အိမ်သာ၊ မိလ္လာကန်၊ ရေလှောင်ကန် အရွယ်အစား၊ လိုအပ်သော စာရေးစားပွဲ၊ ကုလားထိုင်၊ ကျောက်သင်ပုန်း အရေအတွက်၊ မျှော်မှန်းဒေသခံပြည်သူများ၏ ပူးပေါင်း ပါဝင်မှုစသည်များကို  ညှိနှိုင်းဆွေးနွေးကြပါသည်။

(၂)    ကော်မတီမှ ခန့်အပ်သော လက်သမားနှင့် ကော်မတီတို့ စာချုပ်ချုပ်ဆိုကြပါသည်။

(၃) နှစ်ဦးနှစ်ဖက် ညှိနှိုင်း ဆွေးနွေးပြီးနောက်၊ ကျောင်း ဆောက်လုပ်ရေး လုပ်ငန်းကို စတင်ပါသည်။ စေတနာ အဖွဲ့မှ ဆောက်လုပ်ရေး လုပ်ငန်း ဆောင်ရွက်နေစဉ် အတွင်း သတ်မှတ် ကာလအလိုက် သွားရောက်၍ စုံစမ်း စစ်ဆေးမှုများ ပြုလုပ်ခြင်း၊ ဆောက်လုပ်ရေး လုပ်ငန်းအတွက် ငွေကြေး ပံ့ပိုးပေးခြင်းများကို ပြုလုပ်ပါသည်။ ငွေကြေးအား ဆောက်လုပ်ရေး လုပ်ငန်းအစီအစဉ်၊ လုပ်ငန်း တိုးတက်မှုအပေါ် အခြေခံ၍ ကျောင်းဆောက် လုပ်ရေး ကော်မတီသို့အရစ်ကျ ပံ့ပိုးပေးပါသည်။ ကျောင်းဆောက်လုပ်ရေး လုပ်ငန်း စတင်ချိန်မှ ပြီးဆုံးချိန် အထိသည် အများအားဖြင့် အခြေအနေ အမျိုးမျိုးပေါ်မူတည်၍ လေးလမှငါးလခန့် ကြာမြင့်ပါသည်။ ဆောက်လုပ်ရေး လုပ်ငန်းပြီးဆုံးပါက စာသင်ကျောင်း ဆောင်သစ်အား ပညာရေး ၀န်ကြီးဌာနသို့ လွှဲပြောင်း ပေးအပ် ပါသည်။

EPD စီမံကိန်းအား ပြန်လည်လေ့လာသုံးသပ်ခြင်း

EPD စီမံကိန်းဧ။် အကျိုးရလာဒ်အား သိရှိနိုင်ရန်အတွက်၊ ကျောင်းဆောင်သစ် ဆောက်လုပ်ပြီး နောက် သက်ဆိုင်ရာ ကျောင်းအသီးသီးဧ။် တိုးတက် လာသော ကျောင်းသား ဦးရေ၊ အခြား တိုးတက် မှုအခြေအနေ နှင့် ကျေးရွာဖွံ့ဖြိုး တိုးတက်မှု အခြေအနေအစရှိသော အချက်အလက်များကို စုဆောင်း ရန် စေတနာအဖွဲ့မှ သက်ဆိုင်ရာ ကျောင်းအသီးသီးဧ။် သွားရောက် လေ့လာလျက်ရှိ ပါသည်။

ကျေးရွာဖွံ့ဖြိုးရေး ၀င်ငွေတိုးလုပ်ငန်းအား ပြန်လည် လေ့လာ သုံးသပ်ခြင်း

ကျေးရွာ ဖွံ့ဖြိုးရေးဝင်ငွေတိုးလုပ်ငန်းသည် ကျေးရွာသူ/သားများအတွက် စီးပွားရေးလုပ်ငန်းတစ်ခု ဖြစ်သည်ဟု ဆိုနိုင်ပါသည်။ ၎င်းတို့သည် ထိုကဲ့သို့သောလုပ်ငန်းနှင့် ရင်းနှီးကျွမ်းဝင်မှု မရှိသေး ပါက၊  အမျိုးမျိုးသောပြဿနာများနှင့် ရင်ဆိုင်ရနိုင်ပါသည်။ ထို့ကြောင့် ရံဖန်ရံခါတွင် ကျေးရွာ များသို့ သွားရောက်၍ ၀င်ငွေတိုးလုပ်ငန်းအား အကောင်အထည်ဖော် လှုပ်ရှားဆောင်ရွက်နေမှု၊ အခက်အခဲတစ်စုံတစ်ရာ ရင်ဆိုင်နေရခြင်းရှိ/မရှိ၊ ရှိပါက လိုအပ်သောအကြံဥာဏ်များ ပံ့ပိုးပေးရန်၊ ရရှိလာသော ၀င်ငွေအား သင့်တင့်လျောက် ပတ်စွာ အသုံးချမှုရှိ/မရှိအား သိရှိနိုင်ပါရန် ပြန်လည်လေ့လာသုံးသပ်ခြင်းများ ပြုလုပ်လေ့ရှိပါသည်။