မြန်မာနိုင်ငံဧ။် ပညာရေးစနစ်
မြန်မာ့ ပညာရေး စနစ်ကို မြန်မာနိုင်ငံ ပညာရေး ၀န်ကြီးဌာနမှ ပြဌာန်း ထားပါသည်။ အဆင့်မြင့် ပညာ ဦးစီးဌာန (အထက်မြန်မာပြည်) နှင့် အဆင့်မြင့် ပညာ ဦးစီးဌာန (အောက်မြန်မာပြည်) စသည့် ဌာန (၂) ခုဖြင့်၊ အထက် မြန်မာပြည်နှင့် အောက်မြန်မာပြည် တွင် အသက်မွေးဝမ်းကျောင်း ကောလိပ်၊ တက္ကသိုလ်များ ဖွင့်လှစ် ထားပါသည်။ ရန်ကုန် နှင့် မန္တလေး တွင် ရုံးချုပ် တည်ရှိ ကာ မြန်မာ့ ပညာရေး စနစ်ကို အင်္ဂလန်နိုင်ငံဧ။် ပညာရေး စနစ်အား အခြေခံဖွဲ့စည်း ထားပါသည်။ ကျောင်း အများစုသည် အစိုးရမှ ဖွင့်လှစ် ထားသော အစိုးရ ကျောင်းများ ဖြစ်သော်လည်း ယခု နောက်ပိုင်းတွင် ပုဂ္ဂလိက ပိုင် အင်္ဂလိပ် ဘာသာရပ် သင်တန်း ကျောင်းများ များပြား လာလျှက် ရှိပါသည်။ အသက် (၉) နှစ် အရွယ်ခန့်အထိ အခြေခံ ပညာရေးကို မသင် မနေရ သင်ကြား ရမည်ဖြစ်ပြီး၊ နိုင်ငံ တကာ အဆင့် တွင် မသင်မနေရ ကျောင်းနေ အရွယ်သည် ၁၅နှစ်၊ ၁၆နှစ် အထိ ဖြစ်ပါသည်။
အခြေခံပညာရေး
အခြေခံ ပညာရေး စနစ်၏ စီမံခန့်ခွဲမှုနှင့် အုပ်ချုပ်မှုအား အခြေခံ ပညာရေး၊ စီမံခန့်ခွဲရေးနှင့် လေ့ကျင့် သင်ကြား ပေးရေး စသည့် ဦးစီးဌာန(၃)ခုမှ ဦးစီး လုပ်ဆောင် လျှက်ရှိပါသည်။ ၎င်းဦးစီးဌာန များသည် မူလတန်း အဆင့်ပညာရေး၊ အလယ်တန်းအဆင့် ပညာရေး (အလယ်တန်း ကျောင်း၊ အထက်တန်း ကျောင်း)၊ ကျောင်းများအား လှည့်လည် ကြည့်ရှု စစ်ဆေးခြင်းနှင့်ကြီးကြပ်ခြင်း၊ ပညာရေး ဆိုင်ရာ စီမံခန့်ခွဲမှု၊ အုပ်ချုပ်မှု၊ ကျောင်းသား ရေးရာများ စသည့် ကိစ္စ အ၀၀ အား၊ တာဝန်ယူ ဆောင်ရွက်လျှက် ရှိပါသည်။ ပညာရေး ကောလိပ် (၁၉) ခုသည် စီမံခန့်ခွဲရေး နှင့် လေ့ကျင့် သင်ကြား ပေးရေး ဦးစီးဌာန အောက်တွင် ရှိသော်လည်း တကယ့် လက်တွေ့ တွင် ကောလိပ် (၅) ခုသည် အဆင့်မြင့် ပညာ ဦးစီးဌာန၏ စီမံ အုပ်ချုပ်မှု အောက်တွင်ရှိသော ပညာရေးဝန်ကြီး ဌာန (၂) ခုနှင့် ကွဲပြား လျှက်ရှိပါသည်။
အခြေခံပညာရေး၏ရည်မှန်းချက်
- မြန်မာ နိုင်ငံသားတိုင်း ရုပ်ပိုင်း ဆိုင်ရာ နှင့် စိတ်ပိုင်းဆိုင်ရာ တွင် အခြေခံပညာ၊ ကျန်းမာခြင်း၊ စာရိတ္တ ကောင်း များနှင့် ပြည့်စုံသော အလုပ်သမား ကောင်းများ ဖြစ်လာ စေရန် အတွက် ကြိုးပမ်းဆောင်ရွက်ရေး၊
- အမိ မြန်မာနိုင်ငံ၏ အကျိုး အတွက် ပေါင်းကူး ပညာရေးအား အုတ်မြစ်ချထား ပေးရေး၊
- ဖွံ့ဖြိုး တိုးတက်ခိုင်မာ စေသော အင်အားဖြင့် အရည်အသွေး ပြည့်မှီသော သိပံ္ပ နည်းကျ သင်ကြားရေး ဖြစ်ထွန်း လာစေရန်အတွက် ဦးစားပေး ဆောင်ရွက်ရေး၊
- သင်ကြားမှု အနုပညာကို ထိန်းသိမ်း စောင့်ရှောက်ခြင်းနှင့် ယဉ်ကျေးမှု၊ အနုပညာ၊ စာပေ အဆင့်အတန်း များ ဖွံ့ဖြိုး တိုးတက် လာစေရန်အတွက် ဦးစားပေး ဆောင်ရွက်ရေး၊
- တက္ကသိုလ် အဆင့် ပညာရေးသို့ အမှီ လိုက်နိုင်ရန် ကြိုးပမ်း ဆောင်ရွက်ရန်အတွက် ခိုင်မာသော အုတ်မြစ်ချ ထားပေးရေး၊
မြန်မာနိုင်ငံ၏ပညာရေးစနစ်
| အခြေခံ | ကျောင်း | ၃၇၆၂၇ |
| ဆရာ / ဆရာမ | ၁၅၃၆၆၃ | |
| ကျောင်းသား / သူ | ၄၈၃၈၆၉၃ | |
| အလယ်တန်း | ကျောင်း | ၃၆၉၅ |
| ဆရာ / ဆရာမ | ၅၅၉၈၂ | |
| ကျောင်းသား / သူ | ၁၇၀၉၉၈၆ | |
| အထက်တန်း | ကျောင်း | ၁၅၇၂ |
| ဆရာ / ဆရာမ | ၁၅၇၅၈ | |
| ကျောင်းသား / သူ | ၆၃၈၆၀၅ |
အခြေခံပညာရေး ဖွဲ့စည်းပုံ
| အသက် | ၅+ | ၆+ | ၇+ | ၈+ | ၉+ | ၁၀+ | ၁၁+ | ၁၂+ | ၁၃+ | ၁၄+ | ၁၆+ | အဆင့်မြင့်ပညာရေး |
|---|---|---|---|---|---|---|---|---|---|---|---|---|
| အတန်း (ဂရိတ်) |
သူငယ်တန်း
|
၁
|
၂
|
၃
|
၎
|
၅
|
၆
|
၇
|
၈
|
၉
|
၁၀
|
|
|
မူလတန်း (၅)
|
အလယ်တန်း (၄)
|
အထက်တန်း (၂)
|
||||||||||


