ကျေးရွာ ဖွံ့ဖြိုးရေး ၀င်ငွေ တိုးလုပ်ငန်း

soft_project_photoကျေးရွာ ဖွံ့ဖြိုးရေး ၀င်ငွေတိုး လုပ်ငန်းဆိုသည်မှာ စေတနာအဖွဲ့ဧ။် “ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး အတွက် ပညာ သင်ကြားခြင်းစီမံကိန်း” ဧ။် အရေးကြီးဆုံး သော အခန်း ကဏ္ဍတွင် ပါဝင်ပါသည်။ ဤလုပ်ငန်းသည် ကျောင်းဆောင်သစ် ရေရည် တည်တံ့ခိုင်မြဲရေး၊ ဒေသခံ ပြည်သူများဧ။် ၀င်ငွေ တိုးတက် များပြားလာ၍ ကျေးရွာ ဖွံ့ဖြိုးရေးလုပ်ငန်းကို ပိုမို လုပ်ဆောင်လာနိုင်ရေး၊ တဖန် ၀င်ငွေတိုးလုပ်ငန်းမှတဆင့် မိဘများဧ။် စီးပွားရေး အခက် အခဲကို ပြေလည်စေ၍ ကျောင်းမတက်နိုင်ကြသော ကျောင်းသားဦးရေ အား လျှော့ချနိုင်ရေးအတွက် ရည်ရွယ် လုပ်ဆောင်လျှက်ရှိပါသည်။

ကျောင်းဆောင်သစ် ရေရှည်တည့်တံ့ခိုင်မြဲအောင် လုပ်ဆောင်ရာတွင် ငွေကြေးပမာဏ လိုအပ်ပါသည်။ သို့ရာတွင် ထိုငွေကြေးအား ဒေသခံ ပြည်သူများ အနေဖြင့် ပံ့ပိုးနိုင်စွမ်း မရှိကြပါ။ အစိုးရမှ ထောက်ပံ့ထားသော ပံ့ပိုးငွေကြေးမှာလည်း ဆရာ။မ၊ ကျောင်းအဆောက်အဦး၊ စာသင်ခန်း၊ ကျောင်းသုံး ပရိဘောဂ၊ အိမ်သာ စသည်များ လုံလောက်မှု မရှိုခြင်းတို့ကြောင့် ထိုနေရာ များတွင် သုံးစွဲနေရသည့်အတွက် အကန့်အသတ် ဖြစ်လျှက် ရှိပါသည်။
အစိုးရခန့်ဆရာ/မများအား မိမိတို့ကျောင်းတွင် ရေရှည် နေထိုင်မှု အဆင်ပြေစေရန်အတွက် ကျေးရွာမှ ဆန်၊ ဆီ၊ ခရီးစရိတ်ထောက်ပံ့ခြင်းအပြင် ကျောင်း အဆောက်အဦး ဆောက်လုပ်ခြင်း၊ ပြင်ဆင်ခြင်းတွင် လည်း ကောင်း၊ လမ်းဖောက်ခြင်း၊ ပြုပြင်ခြင်းတွင် လည်းကောင်း၊ ကျေးရွာ ဘုန်းတော်ကြီးကျောင်း ဆောက်လုပ်ခြင်း၊ ပြုပြင်ခြင်းတွင်လည်းကောင်း ကျေးရွာသူ/သားများသည် ငွေကြေး ထည့်ဝင်နေရပါသည်။ ထိုကဲ့သို့ များပြား လှသော ငွေကြေးပမာဏအား ၀င်ငွေနည်းပါးလှသော တောင်သူ လယ်သမားများ ဖြစ်သည့်အတွက် ပူးပေါင်း ထည့်ဝင်နိုင်စွမ်းမရှိကြပါ။
အထက်တွင်ဖော်ပြခဲ့သော အခြေအနေများတွင်၊ ကျေးရွာဖွံ့ဖြိုးရေးဝင်ငွေတိုးလုပ်ငန်းကို အကောင် အထည်ဖော်ဆောင်ရွက် ခြင်းဖြင့် ၎င်းင်းတို့ဧ။် ၀န်ထုပ်ဝန်ပိုးများကို လျော့ကျစေကာ ကလေးငယ်များလည်း အလွယ် တကူ ကျောင်းဆက်လက် တက်ရောက်နိုင်မည်ဖြစ်ပါသည်။ ကျေးရွာဖွံ့ဖြိုးရေး ၀င်ငွေတိုးလုပ်ငန်းအား အကောင် အထည်ဖော် ဆောင်ရွက်မှုများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
စေတနာအဖွဲ့နှင့် ဒေသခံပြည်သူများ ပူးပေါင်းပြီး ကျောင်းဆောင်သစ် ဆောက်လုပ်ခြင်းလုပ်ငန်းကို အကောင်အထည်ဖော် ဆောက်လုပ်သည့်အခါ ဒေသခံပြည်သူများမှ အုတ်မြစ် တည်ဆောက်ရေး လုပ်ငန်းကို တာဝန်ယူရပါသည်။ ဒေသခံပြည်သူများမှ အုတ်မြစ်အပြင် ငွေကြေး(ကျေးရွာမှတတ်နိုင်သည့်ပမာဏ)၊ ကျေးရွာ အစီအစဉ်ဖြင့် စုဆောင်းထားရှိသည့် ဆောက်လုပ်ရေး ကုန်ကြမ်းပစ္စည်းများရှိပါက အဆိုပါကုန်ကြမ်းပစ္စည်းများ၊ မိမိတို့ဒေသအတွင်း ထွက်ရှိသည့် သဲ၊ ကျောက်အစရှိသည့် ကုန်ကြမ်း ပစ္စည်းများနှင့် မိမိတို့ဆန္ဒအရ ပေးသော လုပ်အားပေးများ ပါဝင်ကြပါသည်။

ကျောင်းဆောင်သစ် လုပ်ငန်းပြီးဆုံးချိန်၌ စေတနာအဖွဲ့မှ ကျောင်းဆောက်လုပ်ရေး လုပ်ငန်းတွင် ဒေသခံပြည်သူများဧ။် ပူးပေါင်း ပါဝင်မှုများကို ပြန်လည်တွက်ချက်ပြီး ကျေးရွာ ဖွံ့ဖြိုးရေး ရံပုံငွေအဖြစ် ကျေးရွာသို့ ပြန်လည် ပေးအပ်ပါသည်။ စေတနာမှ ပြန်လည် ပေးအပ်သော ကျေးရွာဖွံ့ဖြိုးရေးရံပုံငွေဖြင့် ကျေးရွာဖွံ့ဖြိုးရေးကော် မတီမှဦးဆောင်ပြီး ၀င်ငွေတိုး လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ရပါမည်။ ကျေးရွာဖွံ့ဖြိုး ကော်မတီနှင့်  ရွာသူ/သားများသည် မိမိတို့ ဒေသနှင့် ကိုက်ညီသည့် ၀င်ငွေတိုး လုပ်ငန်းကို စဉ်းစား ဆုံးဖြတ်ပြီး စီမံ ချက်ရေးဆွဲ၍ အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ပါသည်။
ကျေးရွာ ဖွံ့ဖြိုးရေးကော်မတီနှင့် ဒေသခံပြည်သူများသည် ကျေးရွာဖွံ့ဖြိုးရေး ၀င်ငွေတိုးလုပ်ငန်းကို ရွေးချယ်သည့်အခါ အောက်ပါအချက်များ ပေါ်မူတည်၍ စဉ်းစားရွေးချယ်ပါသည်။
(၁)    အကျိုးအမြတ်ရရှိပြီး စဉ်ဆက်မပြတ်ဆောင်ရွက်နိုင်မည့်လုပ်ငန်း၊
(၂)    ရပ်ရွာလူထုမှသဘောတူညီသည့်လုပ်ငန်း
(၃)    ရပ်ရွာမှတာဝန်ယူဆောင်ရွက်နိုင်သောလုပ်ငန်း
(၄)    ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက်အထောက်အကူပြုလုပ်ငန်း
အထက် ဖော်ပြပါ အချက်များနှင့် ကူညီမှုရှိ သည့်လုပ်ငန်းကို ရွေးချယ်ပြီးပါက စီမံချက်ရေးဆွဲပြီး ကျေးရွာ ဖွံ့ဖြိုးရေးကော်မတီ နှင့် ဒေသခံပြည်သူများက အကောင်အထည်ဖော် ဆောင်ရွက် ရပါမည်။