များသော အားဖြင့် စေတနာ အဖွဲ့၏ စီမံကိန်း ဆောင်ရွက်သော ဒေသများမှာ လယ်ယာ စိုက်ပျိုးရေးဖြင့် အသက် မွေးဝမ်းကျောင်း ပြုသော မြန်မာနိုင်ငံ ကျေးလက် ဒေသများဖြစ်ပြီး၊ ဒေသခံ ပြည်သူများ၏ ၀င်ငွေမှာလည်း အဓိက စိုက်ပျိုးရေး လုပ်ငန်းတွင်သာ အခြေပြုပါသည်။ ကျေးလက် ပြည်သူများ၏ လူနေမှု အဆင့်အတန်း တိုး တက် မြင့်မား စေရန်နှင့် စိုက်ပျိုးရေး လုပ်ငန်းများ အရည် အသွေး မြင့်မား လာစေရန် စေတနာ အဖွဲ့မှ “မြေကြီးထဲ တွင် ရှိသော ဒေသအဏုဇီဝပိုး” ကို အသုံး ပြု၍ ဒိုချပ်ကင်း သဘာဝ မြေသြဇာ ပြုလုပ်နည်း နှင့် ၀ါးမီးသွေး ပေါင်းခံ ရည် ထုတ်လုပ်နည်းများ အား အခါ အားလျှော်စွာ သရုပ်ပြပွဲများ ဆောင်ရွက် ပြသ ပေးသကဲ့သို့ ၊ ကျေးရွာ နေ တောင်သူ လယ်သမား လူရွယ် များအား ရှမ်းပြည်နယ် တောင်ပိုင်းတွင် စီမံကိန်း ဆောင်ရွက် လျှက်ရှိသော ဂျပန် နိုင်ငံ၊ အစိုးရ မဟုတ်သော အဖွဲ့အစည်း တစ်ခုဖြစ်သည့် ကမ္ဘာ့ လူသား အဖွဲ့အစည်း (Terra People Association) မှ ဖွင့်လှစ် ပို့ချ လျက်ရှိသော အပြန်အလှန် ဆက်နွယ် အကျိုးပြု စိုက်ပျိုးရေး သင်တန်းသို့ တက်ရောက်ခွင့် ရရှိရန် သက် ဆိုင်ရာနှင့် ညှိနှိုင်း ကူညီ ဆောင်ရွက် ပေးလျှက် ရှိပါသည်


