EPD စီမံကိန်းအကောင်အထည်ဖေါ်ဆောင်ရွက်မှု (အောင်မြင်မှု)
EPD စီမံကိန်းအား အောက်ဖေါ်ပြပါ လုပ်ငန်းစဉ် (၅) ရပ်ဖြင့် အကောင်အထည်ဖေါ် ဆောင်ရွက်လျှက် ရှိပါသည်။
(၁) ကွင်းဆင်းလေ့လာခြင်း
(၂) စာသင်ကျောင်းဆောင်သစ် ဆောက်လုပ်ခြင်းနှင့် ဆောက်လုပ်ရေး လုပ်ငန်းဆောင်ရွက်ရန် အလုပ်ရုံ ဆွေးနွေးပွဲ ဆောင်ရွက်ခြင်း
(၃) ကျေးရွာဖွံ့ဖြိုးရေး ၀င်ငွေတိုး လုပ်ငန်းများ ဆောင်ရွက်ခြင်း
(၄) သဘာဝ အခြေခံ စိုက်ပျိုးရေး လုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန် နှင့်နည်းပညာ ပြန့်ပွားစေရန် ဆောင်ရွက်ချက်များ
(၅) ပြန်လည်လေ့လာသုံးသပ်ခြင်း
ထို့အပြင် စေတနာအဖွဲ့မှ အခါအားလျှော်စွာ ကျောင်းဆောင်သစ် လိုအပ်ချက် မြင့်မားသော်လည်း စေတနာဖွဲ့ ၏ EPD စီမံကိန်း သတ်မှတ်ချက် မူများနှင့် မကိုက်ညီသဖြင့် စီမံကိန်း ဆောင်ရွက်ရန် မဖြစ်နိုင်သော ကျောင်းများ အတွက် ရည်ရွယ်၍ အသေးစား စီမံကိန်း (Mini-Project)ကို ဖြည့်စွက် ဆောင်ရွက်ပါသည်။ အသေးစား စီမံကိန်း ဆောင်ရွက်ခြင်းဖြင့် ကလေးများ ပညာသင်ယူရန်အတွက် ကောင်းမွန်သော ကျောင်းပတ်ဝန်းကျင် ရရှိစေရန်နှင့် ဒေသခံ ပြည်သူများ အနေဖြင့် မိမိတို့ဒေသရှိ ကျောင်း၏ ဖွံ့ဖြိုးတိုးတက်ရေးကို မိမိတို့ကိုယ်တိုင် တာဝန်ယူစီမံ ခန့်ခွဲ နိုင်ရန်အတွက်လည်း ရည်ရွယ်ပါသည်။
ထို့အပြင် ချွင်းချက် အနေနှင့် ၂၀၀၉ခုနှစ်၊ ဧပြီလ အစပိုင်းမှစတင်၍ နယ်စပ် ဒေသနှင့် တိုင်းရင်းသား လူမျိုး များ ဖွံ့ဖြိုး တိုးတက်ရေး နှင့် စည်ပင်သာယာရေးဝန်ကြီးဌာန၊ ၀န်ကြီး၏ လမ်းညွှန်မှုဖြင့် ဆိုင်ကလုံး မုန်တိုင်းဒဏ် ပြင်းထန်စွာခံခဲ့ရသော ပျက်စီးခဲ့ရသော ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသများဖြစ်သည့် မအူပင် မြို့နယ်နှင့်ညောင် တုန်းမြို့နယ်များတွင် စာသင် ကျောင်းဆောင် (၃) ကျောင်းအား ဆောက်လုပ်ခဲ့ပြီး ဖြစ်ပါသည်။


