စေတနာဆိုသည်မှာ

“စေတနာ”

စေတနာ အဖွဲ့ဧ။် “ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပညာသင်ကြားခြင်း ” စီမံကိန်း သည် ဂျပန်နိုင်ငံ နိပွန် ဖောင်ဒေးရှင်းဧ။် ထောက်ပံ့ ကူညီမှုဖြင့် ဒေသခံ ပြည်သူလူထု ဧ။် ပူးပေါင်း ကူညီကြိုး ပမ်းမှုတို့ကို နယ်စပ် ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ပေါင်းစပ် ညှိနှိုင်း၍ စေတနာ အဖွဲ့မှ အကောင် အထည်ဖော် ဆောင်ရွက်ပါသည်။

နိဒါန်း

ပြည်ထောင်စု မြန်မာနိုင်ငံ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုး တိုးတက်ရေး နှင့် စည်ပင်သာယာရေး နှင့်ဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန နှင့် ဂျပန်နိုင်ငံ နိပွန် ဖောင်ဒေးရှင်း၊ အစိုးရ မဟုတ်သော စေတနာ အဖွဲ့တို့ ပူးပေါင်း ၍ “ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပညာသင်ကြားခြင်း စီမံကိန်း (Education for Peace and Development )” ကို ၂၀၀၂ခုနှစ်၊ ဇွန်လ(၁) ရက်နေ့မှ ၂၀၀၇ခုနှစ်၊ မေလ(၃၁)ရက် နေ့အထိ ရှမ်းပြည်နယ် တောင်ပိုင်းနှင့် မြောက်ပိုင်း တွင် အကောင်အထည်ဖော် ဆောင်ရွက် ခဲ့ပါသည်။

မြန်မာနိုင်ငံ ကျေးလက်ဒေသ များတွင် အခြေခံပညာ သင်ယူနိုင်မှု အခွင့်အရေး၊ ပညာအရည် အသွေး တိုးတက် မြင့်မားစေရေးနှင့် ကျေးလက် ဒေသဖွံ့ဖြိုး တိုးတက်ရေး အတွက် ရည်ရွယ်၍ ဤစီမံ ကိန်းကို အကောင်အထည် ဖော် ဆောင်ရွက်ခြင်း ဖြစ်ပါသည်။ စီမံကိန်း (၅)နှစ်တာ ကာလအတွင်း ရှမ်းပြည်နယ် တောင်ပိုင်းနှင့် မြောက်ပိုင်းတွင် အခြေခံပညာ မူလတန်း ကျောင်းပေါင်း(၁၀၂) ကျောင်းကို ဆောက်လုပ် ခဲ့ပါသည်။ စီမံကိန်း အဆင့်-၂ ကို ၂၀၀၇ ခုနှစ်၊ ဇွန်လ(၁)ရက်နေ့မှ ၂၀၁၂ခုနှစ်၊ မေလ(၃၁) ရက်နေ့အထိ ရှမ်းပြည်နယ် တောင်ပိုင်း၊ ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် အရှေ့ပိုင်းတွင် ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက် သွားမည် ဖြစ်ပါသည်။

စီမံကိန်းလုပ်ငန်းဆောင်ရွက်ရခြင်း

မြန်မာနိုင်ငံ ကျေးလက်ဒေသ များတွင် စာသင်ခန်းများ လုံလောက်မှုမရှိခြင်း၊ ကျောင်းဆောင် များ ဟောင်းနွမ်းပျက်စီး နေခြင်း၊ ဆရာ/မ ဦးရေ လုံလောက်မှုမရှိခြင်း၊ အချို့သော ကလေးများမှာ မိဘ စီးပွားရေး အခြေအနေ အရ ပညာသင်ယူနိုင်မှု မရှိခြင်း စသည့် အချက်များသည် ပညာသင်ကြား ရေးအတွက် ရင်ဆိုင် နေရသည့်အခက်အခဲများ ဖြစ်ပါသည်။ ထိုအခက်အခဲ များကို ကျော်လွှားနိုင်ရန် အတွက် ရည်ရွယ်၍ အောက်ပါ လုပ်ငန်းစဉ် (၃)ရပ်ဖြင့် စေတနာအဖွဲ့၏ “ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက် ရေးအတွက် ပညာသင်ကြား ခြင်း (EPD) စီမံကိန်း” ကို အကောင်အထည် ဖော် ဆောင်ရွက် ပါသည်။

(က) ဒေသခံ ပြည်သူများ၏ ပူးပေါင်းပါဝင် ကြိုးစား အားထုတ်မှုဖြင့် ကျောင်းဆောင်သစ်   ဆောက်လုပ်ခြင်း။

(ခ)    ကျောင်းဆောင် ပြုပြင်ထိန်းသိမ်း ခြင်း၊ ဆရာ/မများ အား ထောက်ပံ့ပေးခြင်း၊ ဆင်းရဲ နွမ်းပါးသော မိသားစုဝင် ကလေး များအား ပညာသင်စရိတ် ထောက်ပံ့ပေး ခြင်းနှင့် ကျေးရွာ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အတွက် ရန်ပုံငွေ ရရှိစေပြီး၊ ဒေသ အခြေအနေနှင့် ကိုက်ညီသော ကျေးရွာ ဖွံ့ဖြိုးရေး ၀င်ငွေတိုး လုပ်ငန်းများကို ဒေသခံ ပြည်သူများက အကောင်အထည် ဖော် ဆောင်ရွက်နိုင်ရန် ပံ့ပိုးခြင်း။

(ဂ)        စိုက်ပျိုးရေး ကိုအခြေခံသော ဒေသခံ ပြည်သူများအနေဖြင့် မိမိတို့သား/သမီးများ ၏ ပညာရေးကို ပြန်လည် အာရုံစိုက် လာနိုင်ရန် သွယ်ဝိုက်သော နည်းဖြင့် ဆက်နွယ်လျက်ရှိသည့် စိုက်ပျိုးရေး ထွက်ကုန်ပစ္စည်းများ အရည်အသွေး မြင့်မားပြီး ပိုမိုထွက်ရှိနိုင်သောသဘာဝ အခြေခံ စိုက်ပျိုး နည်းစနစ်များ သင်ယူလေ့လာနိုင်ရန် ပံ့ပိုး ကူညီ ဆောင်ရွက်ပေးခြင်း။

စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်မှု

နိပွန် ဖောင်ဒေးရှင်းနှင့် စေတနာ အဖွဲ့သည် ပညာရေးနှင့် ပတ်သက်သော ကူညီထောက်ပံ့မှုများ ကိုကျေးလက်ဒေသ များတွင် ဆောင်ရွက်လျက် ရှိသော်လည်း အဓိက ရည်မှန်းချက်မှာ ဒေသခံ ပြည်သူ များ၏ ကြိုးပမ်း ဆောင်ရွက်မှုဖြင့် ဖွံ့ဖြိုး တိုးတက်သော ကျေးရွာများ အဖြစ်သို့ ရောက်ရှိ ရန်ဖြစ် ပါသည်။ ဤသို့ ဆောင်ရွက်ခြင်းဖြင့် ဒေသခံ ပြည်သူများ အကြား စည်းလုံးညီညွှတ်မှု၊ ရပ်ရွာ အတွင်း စီမံခန့်ခွဲ ကျွမ်းကျင်မှုနှင့် လူနေမှု အဆင့်အတန်း မြင့်မား လာစေရန် လုပ်ဆောင်နိုင်သည့် စီးပွားရေး အခြေခံ ကောင်းများ ရရှိလာနိုင်မည် ဖြစ်ပါသည်။ ဤစီမံကိန်းသည် ကျေးလက် ဒေသ ဖွံ့ဖြိုး တိုးတက်ရေး အတွက် အဓိက ၀င်ပေါက် တစ်ခုအနေဖြင့် မှတ်ယူနိုင်ပါသည်။ စေတနာ အဖွဲ့ သည် ကျောင်းများ ကို ရွေးချယ်ရာ၌ ဒေသ ခံ ပြည်သူ များ၏ စိတ်အား ထက်သန်မှု၊ ပူးပေါင်းပါဝင် ဆောင်ရွက် လိုသော စိတ်ဓါတ်၊ ကိုယ့်အား ကိုယ်ကိုး စိတ်ဓါတ် တို့ကို လေ့လာ သုံးသပ် ပြီး ရွေးချယ်ပါသည်။ ရွေးချယ် ခြင်း ခံရသော ကျေးရွာများသည် မိမိဒေသ ဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်း အား ဆောင်ရွက် နိုင်မည့်နည်းတူ အနာဂတ်တွင် ပညာရေး ဖွံ့ဖြိုး တိုးတက် စေရန် အလား အလာ ကောင်းမွန်သော ဒေသ ဖြစ်ရန် လိုအပ်ပါသည်။

စီမံကိန်း အကောင်အထည် ဖော် ဆောင်ရွက်မှု အဆင့်များမှာ နှစ်စဉ် ဇွန်လတွင် ယခင်နှစ်က ဆောင်ရွက် ခဲ့သော စီမံကိန်း လုပ်ငန်းများကို ပြန်လည် လေ့လာ သုံးသပ်ခြင်း (Follow Up)၊ စက် တင်ဘာလ – ယခုနှစ် စီမံကိန်း ဆောင်ရွက်ရန် အတွက် သတ်မှတ် ဒေသများသို့ ကွင်းဆင်း လေ့လာ ခြင်း၊ အောက်တိုဘာလ- ယခုနှစ် စီမံကိန်း ဆောင်ရွက်မည့် ကျောင်းများကို ရွေးချယ်ခြင်းနှင့် နတလ၏ အတည်ပြုချက် ရယူခြင်း၊ နိုဝင်ဘာလ- ကျောင်း ဆောက်လုပ်ရေး လုပ်ငန်း စတင်ခြင်းနှင့် နောင်နှစ် ဧပြီလတွင် ကျောင်းဆောင်သစ် ကို ပညာရေး ၀န်ကြီးဌာနသို့ လွှဲပြောင်း ပေးအပ် ခြင်းတို့ဖြစ်ပါသည်။ ဒေသခံ ပြည်သူများသည် ကျောင်းဆောင်သစ် ဆောက်လုပ်ရေး လုပ်ငန်းကို ဆောင်ရွက် နေစဉ် ကာလအတွင်း ကျေးရွာ ဖွံ့ဖြိုးရေး ၀င်ငွေတိုး လုပ်ငန်းစီမံချက်ကို ရေးဆွဲရပါမည်။ ကျောင်း ဆောက်လုပ်ရေး လုပ်ငန်း ပြီးသည့် နောက် ကျေးရွာ ဖွံ့ဖြိုးရေး ၀င်ငွေတိုး လုပ်ငန်းများကို ကျေးရွာ ဖွံ့ဖြိုးရေး ကော်မတီနှင့် ဒေသခံ ပြည်သူများက တာဝန်ယူ အကောင်အထည် ဖေါ် ဆောင်ရွက် ရမည် ဖြစ်ပါသည်။ ကျေးရွာ ဖွံ့ဖြိုးရေး ၀င်ငွေတိုး လုပ်ငန်းများ ကို ပြန်လည် လေ့လာ ကြီးကြပ်ခြင်း၊ စိုက်ပျိုးရေး လုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရန်နှင့် နည်းပညာ ပြန့်ပွားစေရန် ဆောင်ရွက်ချက် များတို့နှင့် ပတ်သက်ပြီး အချိန်ကာလ သတ်မှတ် ထားခြင်းမရှိပါ။

စေတနာ အဖွဲ့သည် ကျောင်းဆောင်သစ် ဆောက်လုပ်ရေး လုပ်ငန်း ကုန်ကျစရိတ် ၁၀၀% အပြည့်အ၀ ထောက်ပံ့ ပေးခြင်းမျိုး မဟုတ်ဘဲ ဒေသခံ ပြည်သူများ၏ တတ်စွမ်းသမျှ ပူးပေါင်းပါဝင် မှုအင်အားကို ရယူပြီး တည်ဆောက်ခြင်း ဖြစ်ပါသည်။ ကျောင်းဆောင်သစ် ဆောက်လုပ်ရေး လုပ်ငန်း ပြီးသည့် နောက် ဒေသခံ ပြည်သူများ၏ ပူးပေါင်း ပါဝင်မှုများကို ပြန်လည် တွက်ချက်ပြီး ကျေးရွာ ဖွံ့ဖြိုးရေး ရန်ပုံငွေအဖြစ် စေတနာ အဖွဲ့မှ ကျေးရွာသို့ ငွေကြေးပြန်လည် ပံ့ပိုးပါသည်။ အဆိုပါ ရန်ပုံ ငွေဖြင့် ကျေးရွာ ဖွံ့ဖြိုးရေး ကော်မတီ နှင့် ဒေသခံ ပြည်သူများသည် ကျေးရွာ ဖွံ့ဖြိုးရေး ၀င်ငွေတိုး လုပ်ငန်းကို စီမံချက် ရေးဆွဲ အကောင်အထည် ဖော်ဆောင်ရွက် ရပါမည်။ ၀င်ငွေတိုး လုပ်ငန်းမှရရှိသော  အသားတင် ၀င်ငွေကို ပညာရေး ကဏ္ဍအတွက် ဦးစားပေး ပံ့ပိုးပြီးနောက် ကျန်သော ငွေကြေးကို ကျေးရွာ ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရန် အတွက် အသုံးပြုနိုင်ပါသည်။ ဤသို့ လုပ် ဆောင် ခြင်းဖြင့် ဒေသခံ ပြည်သူများသည် ကိုယ့်ကိုကိုယ် ယုံကြည်မှု အပြည့်အ၀ ရှိလာမည် ဖြစ်ပြီး လုပ်ငန်း စီမံချက်ရေးဆွဲခြင်းနှင့် စီမံခန့်ခွဲခြင်း၊ ငွေကြေး စနစ်တကျ သုံးစွဲခြင်းနှင့် အသုံးငွေစာရင်း ဇယားများ ပြည်စုံ မှန်ကန်စွာ ထိန်းသိမ်းခြင်း စသည့်အရည်အသွေး များလည်း မြင့်မားလာမည် ဖြစ်ပါသည်။

နိဂုံး

နိပွန် ဖောင်ဒေးရှင်းနှင့် စေတနာ အဖွဲ့သည် ၂၀၀၂-၂၀၀၃ ပညာသင်နှစ်တွင် အခြေခံပညာ မူလတန်း ကျောင်း (၁၀) ကျောင်း (ရှမ်းပြည်နယ် တောင်ပိုင်း-၆ကျောင်း၊ ရှမ်းပြည်နယ် မြောက်ပိုင်း-၄ကျောင်း)၊ ၂၀၀၃-၂၀၀၄ ပညာသင်နှစ် တွင် အခြေခံပညာ မူလတန်းကျောင်း(၃၀)ကျောင်း (ရှမ်းပြည် နယ် တောင်ပိုင်း-၂၀ကျောင်း၊ ရှမ်းပြည်နယ် မြောက်ပိုင်း-၁၀ကျောင်း)၊ ၂၀၀၄-၂၀၀၅ ပညာသင်နှစ် တွင် အခြေခံပညာ မူလတန်းကျောင်း (၂၁)ကျောင်း (ရှမ်းပြည်နယ် တောင်ပိုင်း -၁၀ကျောင်း၊ ရှမ်းပြည်နယ် မြောက်ပိုင်း-၁၁ကျောင်း)၊ ၂၀၀၅-၂၀၀၆ ပညာသင်နှစ် တွင် အခြေခံပညာ မူလတန်း ကျောင်း(၂၁)ကျောင်း (ရှမ်းပြည်နယ် တောင်ပိုင်း-၁၁ကျောင်း၊ ရှမ်းပြည်နယ် မြောက်ပိုင်း-၁၀ ကျောင်း)၊ ၂၀၀၆-၂၀၀၇ ပညာသင်နှစ်တွင် အခြေခံပညာ မူလတန်းကျောင်း (၂၀)ကျောင်း (ရှမ်းပြည်နယ် တောင်ပိုင်း -၁၀ကျောင်း၊ ရှမ်းပြည်နယ် မြောက်ပိုင်း -၁၀ကျောင်း) စသည်ဖြင့် ၂၀၀၂-၂၀၀၃ ပညာသင်နှစ်မှ ၂၀၀၆-၂၀၀၇ ပညာသင်နှစ် အထိ ရှမ်းပြည်နယ် တောင်ပိုင်းနှင့် မြောက် ပိုင်းတွင် အခြေခံပညာ မူလတန်းကျောင်း စုစုပေါင်း(၁၀၂)ကျောင်း ကို ဆောက်လုပ်ခဲ့ပါသည်။ အဆိုပါကျောင်းများ တည်ရှိရာ ကျေးရွာများတွင် ကျေးရွာ ဖွံ့ဖြိုးရေး ၀င်ငွေတိုး လုပ်ငန်းနှင့် စိုက်ပျိုး ရေး လုပ်ငန်းဖွံ့ဖြိုး တိုးတက်ရန်နှင့် နည်းပညာ ပြန့်ပွားစေရန် အတွက် ဆက်လက် အကောင် အထည် ဖော်ဆောင် ရွက်လျက် ရှိပါသည်။ သို့ပါသော် လည်း ယနေ့အထိ ကျေးရွာ ဖွံ့ဖြိုးရေး ၀င်ငွေတိုး လုပ်ငန်း၊ စိုက်ပျိုးရေး လုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရန် နှင့်  နည်းပညာ ပြန့်ပွားစေရန် ဆောင်ရွက်ချက် များကို အကောင်အထည် ဖော် မဆောင်ရွက်နိုင် သေးသော ကျေးရွာများလည်း ကျန်ရှိပါသဖြင့် အကောင်အထည် ဖော် ဆောင်ရွက် နိုင်ရန် စေတနာအဖွဲ့မှ စီစဉ် ဆောင်ရွက်လျှက်ရှိပါသည်။ စေတနာ အဖွဲ့ဧ။် “ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပညာသင်ကြားခြင်း စီမံကိန်း အဆင့် (၂)” ကို ရှမ်းပြည်နယ် တောင်ပိုင်း၊ မြောက်ပိုင်းနှင့် အရှေ့ပိုင်း တို့တွင် ၂၀၀၇ခုနှစ်၊ ဇွန်လ(၁)ရက်မှ ၂၀၁၂ခုနှစ်၊ မေလ(၃၁)ရက်နေ့ အထိ အကောင်အထည်ဖော် ဆောင်ရွက် သွားမည်ဖြစ်ပြီး၊ စီမံကိန်း ကာလ(၅)နှစ်အတွင်း ကျောင်းဆောင် (၁၀၀) ဆောင်ကို ဆောက်လုပ် သွားမည် ဖြစ်ပါသည်။ အဓိကအားဖြင့် အခြေခံပညာ မူလတန်း ကျောင်းဆောင်များ ကို ဦးစားပေး ဆောက်လုပ်မည်ဖြစ် ပါသည်။ သို့သော်လည်း လိုအပ်ချက် မြင့်မားပြီး စေတနာ အဖွဲ့၏ ကျောင်းရွေးချယ် ရေးမူနှင့်ကိုက်ညီမှု ရှိသော အခြေခံပညာ အလယ်တန်းကျောင်း၊ အခြေခံပညာ အထက်တန်းကျောင်း များတွင် လည်း ကျောင်းဆောင် သစ်များ ဆောက်လုပ်ရန် စီစဉ် ဆောင်ရွက်မည် ဖြစ်ပါသည်။

ဝန်ထမ်း မိတ်ဆက် (Staff Introduction)