နတလ

နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုး တိုးတက်ရေးနှင့် စည်ပင်သာယာရေး ၀န်ကြီးဌာန

ရည်ရွယ်ချက်

နယ်စပ်ဒေသ နှင့် တိုင်းရင်းသား လူမျိုးများ ဖွံဖြိုး တိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက် ပေးခြင်း ၏ ရည်ရွယ်ချက် များမှာ အောက်ပါ အတိုင်း ဖြစ်ပါသည်။

  1. ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံး ညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာ အာဏာ တည်တံ့ ခိုင်မြဲရေး ဟူသော ဦးတည်ချက် များနှင့် အညီ နယ်စပ် ဒေသရှိ တိုင်းရင်းသား လူမျိုးများ ၏ စီးပွားရေး၊ လူမှုရေး၊ လမ်းပန်း ဆက်သွယ်ရေး လုပ်ငန်းများ ဖွံဖြိုး တိုးတက်စေရန်၊
  2. တိုင်းရင်းသား လူမျိုးများ၏ ယဉ်ကျေးမှု၊ စာပေ၊ ဓလေ့ထုံးစံတို့ကို မြတ်နိုးစွာ ထိန်းသိမ်း နိုင်စေရန်၊
  3. တိုင်းရင်းသား လူမျိုး အချင်းချင်း ချစ်ကြည်ရင်းနှီးမှု ပိုမို ခိုင်မြဲ စေရန်၊
  4. စီးပွားရေး လုပ်ငန်းများ ထူထောင်ပေးခြင်းဖြင့် မူးယစ် ဆေးဝါး စိုက်ပျိုးမှု လုံးဝ ချုပ်ငြိမ်း စေရန်၊
  5. နယ်စပ်ဒေသ၏ လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး နှင့် နယ်မြေ အေးချမ်းသာယာရေး တို့ကို ထိန်းသိမ်းရန်၊

ဖွဲ့စည်းဆောင်ရွက်မှု

နယ်စပ်ဒေသ နှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများကို ပိုမို ထိရောက် အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် နယ်စပ်ဒေသ နှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ၀န်ကြီးဌာနကို (၂၄ – ၉ – ၁၉၉၂) ရက်နေ့တွင် ဖွဲ့စည်းခဲ့ပြီး အောက်ပါ လုပ်ငန်းများကို ဆောင်ရွက်လျက် ရှိပါသည်။

  1. နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး လုပ်ငန်း ဆပ်ကော်မတီများ၊ ဒေသဆိုင်ရာ လုပ်ငန်း ကော်မတီများ နှင့် အခြား ၀န်ကြီး ဌာနများကို ဆက်သွယ် ညှိနှိုင်း ပေးခြင်း၊
  2. အစိုးရ အဖွဲ့သို့ လိုအပ်သည်များ တင်ပြ ဆောင်ရွက်ခြင်း၊
  3. အစိုးရ အဖွဲ့မှ တဆင့် နိုင်ငံတော် အဖွဲ့အစည်း နှင့် နယ်စပ်ဒေသ နှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ဗဟို ကော်မတီ ၏ လမ်းညွန်ချက် များ ခံယူခြင်း၊

မြန်မာနိုင်ငံ၏ နယ်နမိတ်များ

မြန်မာနိုင်ငံ၏ဧရိယာ ၂၆၁၂၂၈ စ/မ
အရှေ့မှ အနောက် ၅၈၂ မိုင်
တောင်မှမြောက် ၁၂၇၅ မိုင်
အပြည်ပြည်ဆိုင်ရာ နယ်နမိတ် ၃၉၀၆ မိုင်
ကမ်းရိုးတန်း နယ်နမိတ် ၁၃၈၅ မိုင်
မြန်မာ – တရုတ်နယ်နမိတ် ၁၃၈၄ မိုင်
မြန်မာ – လာအိုနယ်နမိတ် ၁၄၆ မိုင်
မြန်မာ – ထိုင်းနယ်နမိတ် ၁၃၀၄ မိုင်
မြန်မာ – ဘင်္ဂလားဒေ့ရှ်နယ်နမိတ် ၁၆၉ မိုင်
မြန်မာ – အိန္ဒိယ နယ်နမိတ် ၉၀၃ မိုင်
အဓိက လူမျိုး မျိုး
လူမျိုးစု စုစုပေါင်း ၁၀၀ ကျော်

ရည်ညွန်းချက်

နယ်စပ်ဒေသ နှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုး တိုးတက်ရေး နှင့် စည်ပင်သာယာရေး ၀န်ကြီး ဌာန ၏ website မှ ရည်ညွန်းဖော်ပြပါသည်။